H1N1ဖြင်​့ မ​ကွေး​ဆေးရုံတွင်​ ​ကုသ​နေ​သော ဆရာလေး ပြန်ကျန်းမာလာ

H1N1ဖြင်​့ မ​ကွေး​ဆေးရုံတွင်​ ​ကုသ​နေ​သော ဆရာလေး ပြန်ကျန်းမာလာ
H1 N1 ရောဂါကို ကာကွယ်ရန် နှာခေါင်းစည်းတပ်ဆင်နေသော ရန်ကုန်မြို့ရှိ ပြည်သူမာျးကို တွေ့ရစဉ်။ ဓာတ်ပုံ-သူရ
 

မကွေး၊ သြဂုတ် ၁၆ ။          ။ ပွင့်ဖြူမြို့နယ် ​ပေ​တော​ကျောင်​းကုန်​း ဘက​ကျောင်​းမှ H1N1ဖြင်​့ မ​ကွေး​ဆေးရုံတွင်​ တက်​​ရောက်​ကုသ​နေ​သော ဆရာ​လေး အယ်​မြဝင်​းသည် ကျန်းမာရေး   ကောင်းမွန်လာသဖြင့် သြဂုတ်လ ၁၄ ရက်နေ့က တိုင်းပြည်သူ့ဆေးရုံ မှ ဆင်းခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆရာ​လေးသည် သြဂုတ်လ ၅ ရက်နေ့က မကွေးတိုင်းပြည်သူ့ဆေးရုံသို့ တက်ရောက်ကာ သြဂုတ်လ  ၆ ရက်နေ့တွင် သူမ၏ နှာခေါင်းတို့ပတ်အား ရန်ကုန် ပြည်သူကျန်းမာရေး အထူးရောဂါစစ်ဆေးရေးဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ သြဂုတ်လ ၉ ရက်နေ့တွင် ရာသီတုပ်ကွေးရောဂါ A(H1N1)ပိုး တွေ့ရှိခဲ့၍ မကွေးတိုင်း ပြည်သူ့ဆေးရုံတွင် ဆက်လက်ဆေးကုသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်လ (၁၅)ရက်နေ့အထိ မကွေးတိုင်းပြည်သူ့ဆေးရုံတွင် ရာသီတုပ်ကွေးရောဂါA(H1N1)ပိုး တွေ့ရှိသူ (၉)ဦး တက်ရောက်ကုသလျက်ရှိကြောင်း၊ကျန်းမာရေး သက်သာကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရသော လူနာ(၇)ဦးရှိပြီး ကျန်လူနာ (၂)ဦးမှာလည်း ကျန်းမာရေး သက်သာကောင်းမွန်လျက်ရှိကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“H1N1 ဆိုတာ​ကြောက်​စရာ မဟုတ်​ပါ ကျန်​းမာ​ရေးအသိရှိပြီး လိုက်​နာကြရင်​ ကင်​း​ဝေးနိုင်​​ပါတယ် ကုသလို့ ရ​တဲ့ရောဂါဖြစ်​​ပါတယ်” ဟု အဆိုပါရောဂါနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသည့် ပွင်ဖြူမြို့နယ် သမ္မာဆန္ဒနာမှု ကရုဏာရှင်များနာမှုကူညီရေးအသင်းမှ ကိုပေတူးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required