မန္တလေးတွင် ဓားထောက်လုယက်နေသူများအား ဖမ်းမိ

မန္တလေးတွင် ဓားထောက်လုယက်နေသူများအား ဖမ်းမိ
(ဓာတ်ပုံ၊အမှတ်(၂)နယ်မြေရဲစခန်း)

မန္တလေး၊ သြဂုတ် ၁၆ ။           ။ မန္တလေးမြို့တွင်းတွင် ညအချိန် ဓားထောက်လုယက်နေသူများကို အောင်မြေသာစံမြို့နယ်၊ အမှတ်(၂) နယ်မြေရဲစခန်းက ဖော်ထုတ်ဖမ်းဆီးလိုက်ကြောင်း ၎င်းအမှတ်(၂)နယ်မြေရဲစခန်းမှ သြဂုတ် ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ည ၂ နာရီတွင် မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းနှင့် လမ်း ရ၀ ထောင့်တွင် လူငယ်တစ်ဦးနှင့်မိန်းမလျာတစ်ဦးတို့ထံမှ Super Anbo 125 MSX ဆိုင်ကယ်(၁)စီး၊ ViVo ဖုန်း(၁)လုံးတို့ကိုလည်းကောင်း၊ သြဂုတ်လ ၁၁ ရက် ည ၂ နာရီအချိန်ခန့်ကလည်း အောင်မြေသာစံ မြို့နယ်၊ ၁၂ လမ်းနှင့် ရ၅ လမ်းထောင့်တို့တွင်လည်း လူငယ်တစ်ဦးထံက KAMAX CZI  ဆိုင်ကယ် (၁)စီးတို့အား ဓားထောက်လုယက်ခဲ့ကြသည့် သန်းနိုင်ဦး(ခ) ကျယ်ဂေါင်နှင့် တင်အောင်မြင့်(ခ) ဇော်ထက်ထွန်း၊ စောထွန်းလွင်(ခ)ကွေးကွေးနှင့် စည်သူတို့ကို စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိကြောင်း အမှတ်(၂)နယ်မြေရဲစခန်းမှ သိရသည်။

ဖမ်းဆီးရမိသူများကို အမှတ် (၂)နယ်မြေရဲစခန်းမှ(ပ)၁၁၉/၂၀၀/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၂/ကျင့်၅၄ ဖြင့် အမှု(၂)မှုဖြင့် အရေးယူထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required