စပိန်စူပါဖလား ဒုတိယအကျော့မှာ လက်ကိုင်ပဝါဆန္ဒပြပွဲပြုလုပ်ရန် ရီးယဲလ်အသင်းပရိသတ်များ စီစဉ်

စပိန်စူပါဖလား ဒုတိယအကျော့မှာ လက်ကိုင်ပဝါဆန္ဒပြပွဲပြုလုပ်ရန် ရီးယဲလ်အသင်းပရိသတ်များ စီစဉ်

ဘာနေဗျူးကွင်းမှာ ဘာစီလိုနာအသင်းနဲ့ ကစားမယ့် စပိန်စူပါဖလား ဒုတိယအကျော့ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ် ပရိသတ်များက အဖြူရောင် လက်ကိုင်ပဝါများ ကိုင်ဆောင်ကာ ဆန္ဒပြပွဲတစ်ရပ်ပြုလုပ်ရန် စီစဉ်နေကြတယ်လို့ သိရပါတယ်။

ဥရောပချန်ပီယံအသင်းကြီး ရီးယဲလ်ဟာ ဘာစီလိုနာအသင်းနှင့် ပထမအကျော့ပွဲစဉ်မှာ စီရော်နယ်လ်ဒိုအပေါ် အနီကတ်ပြသခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်လျက်ရှိနေလို့ဆိုပါတယ်။

၎င်းပွဲစဉ်မှာ စီရော်နယ်လ်ဒိုက ဂိုသွင်းအပြီး အကျင်္ီချွတ်အောင်ပွဲခံခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရပြီး ပြိုင်ဘက် ဂိုးဧရိယာရှေ့မှာ ဟန်ဆောင်လဲချခဲ့သည်ဟိုဆိုကာ ဒုတိယ အဝါကဒ် ထပ်မံပြသသခံခဲ့ရတာကြောင့် ၂ဝါ ၁နီနဲ့ အထုတ်ခံရချိန်မှာ ဒိုင်ကို စောဒကတက်ကာ တွန်းပယ်ခဲ့သလိုဖြစ်ခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်တွေအတွက် စပိန်ဘောလုံးအဖွဲ့ချုပ်က စီရော်နယ်လ်ဒိုကို အနီကတ်ပြစ်ဒဏ်အရ ၁ ပွဲပယ်ပြစ်ဒဏ်နှင့် ကွင်းလယ်ဒိုင်ကို တွန်းခဲ့တဲ့အတွက် (၄)ပွဲပယ်ပြစ်ဒဏ်၊ စုစုပေါင်း (၅)ပွဲပယ်ပြစ်ဒဏ်ကို တနင်္လာနေ့က ချမှတ်ခဲ့ပါတယ်။

ရီးယဲလ်အသင်းပရိသတ်များဟာ စိတ်ဆိုးဒေါသထွက်နေပြီး အထူးသဖြင့် ဘာစီလိုနာနှင့် ရင်ဆိုင်ကစားရချိန်တိုင်း ဆန့်ကျင်ဘက် အကျိုးရလဒ်တွေသာ သက်ရောက်ခဲ့တာကြောင့် ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့လဲ ဆိုထားပါတယ်။

ဒါ့ကြောင့် အသင်းပရိသတ်များက ၎င်းတို့ရဲ့ လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမား စီရော်နယ်လ်ဒို ထွက်ပယ်ခံရခြင်းနှင့် နူးကမ့်မှာ ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးရဲ့ စွမ်းဆောင်ရည်တို့အတွက် ပွဲချိန် ရ မိနစ်မှာ လက်ကိုင်ပဝါတွေ ဝှေ့ယမ်းခြင်းဖြင့် ဆန္ဒဖော်ထုတ်သွားမယ့် အစီအစဉ်ရှိနေပါတယ်။

ပွဲချိန် ရ မိနစ်အရောက်မှာ ဝှေ့ယမ်းပြသမယ့် လက်ကိုင်ပဝါဆန္ဒပြပွဲဟာ စီရော်နယ်လ်ဒိုရဲ့ ကလပ်ဂျာစီနံပါတ်ကို ဖော်ဆောင်တာလည်းဖြစ်ပါတယ်။

စပိန်စူပါဖလား ဒုတိယအကျော့အတွက် ဒိုင်လူကြီးအဖြစ် ဟိုဆေးမာရီယာ ဆန်းချက်ဇ် မာတီနက်ဇ်က ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

စပိန်စူပါဖလား ပထမအကျော့ပွဲစဉ်မှာ စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုး တစ်ဂိုးသွအပါအဝင် ရီးယဲလ်မက်ဒရစ်က ဘာစီလိုနာကို (၃-၁)ဂိုးနဲ့ နူးကမ့်မှာ အနိုင်ရရှိထားပါတယ်။

Ref; Marca, AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required