ခရစ္စပရက်နှင့် လမ်းခွဲပြတ်ဆဲပြီးနောက် ပရိသတ်များအား ကျေးဇူးတင်စကား ပြောကြားခဲ့သည့် အန်နာဖားရစ်

ခရစ္စပရက်နှင့် လမ်းခွဲပြတ်ဆဲပြီးနောက် ပရိသတ်များအား ကျေးဇူးတင်စကား ပြောကြားခဲ့သည့် အန်နာဖားရစ်

 

ဟောလိ၀ုဒ်မင်းသား ခရစ္စပရက်နှင့် လမ်းခွဲပြတ်ဆဲပြီးနောက်တွင် မင်းသမီးဖြစ်သူ အန်နာဖားရစ်က သူမ၏ ပရိသတ်များအား အားပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ကျေးဇူးတင်ကြောင်း ပြောကြားမှုသည် Guardians of the Galaxy Star သရုပ်ဆောင်ဖြစ်သူ ခရစ္စပရက် နှင့် လမ်းခွဲပြတ်ဆဲပြီးနောက် အန်နာအနေနှင့် ပထမဦးဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထုတ်ဖော်ပြောကြား ခြင်းဖြစ်သည်။

“ကျွန်မအပေါ်ပို့သပေးနေတဲ့ ဆုတောင်းမေတ္တာစကားတွေအတွက် အားလုံးကို ကျွန်မကျေးဇူးအထူးတင်ပါတယ်။ ပြီးတော့ ပရိသတ်အားလုံးကို ကျွန်မချစ်ပါတယ်” ဟု အန်နာက ပြောခဲ့သည်။

အန်နာနှင့် ခရစ္စပရက်တို့စုံတွဲသည် အိမ်ထောင်သက် ၈ နှစ်ကြာပြီးနောက်တွင် လမ်းခွဲပြတ်ဆဲလိုက်ပြီ ဖြစ်ကြောင်း လွန်ခဲ့သောရက်သတ္တပတ်က တရားဝင်ကြေညာခဲ့သည်။ သူတို့နှစ်ဦးသည် အိမ်ထောင်သက် ၈ နှစ် အတွင်း ဂျက်ဟု အမည်ရသော ၈ နှစ်အရွယ် သားလေးတစ်ဦး ထွန်းကားခဲ့သည်။

အလားတူပင် ခရစ္စပရက်ကလည်း ပြီးခဲ့သော တနင်္ဂနွေနေ့က လော့စ်အိန်ဂျယ်လိစ်၌ ကျင်းပခဲ့သော Teen Choice ဆုပေးပွဲအခမ်းအနား၌ ပရိသတ်များကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆုပေးပွဲ၌ သိပ္ပံအက်ရှင်ဇာတ်ကားအတွက် အကောင်းဆုံးမင်းသားဆုကို ရရှိခဲ့သော ခရစ္စပရက်က သူ၏ သရုပ်ဆောင်ဘဝအောင်မြင်မှုများအတွက် ပရိသတ်နှင့် ခရစ်တော်ကို   ကျေးဇူးတင်ကြောင်း   ပြောကြားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required