အဲဗာတန်ကွင်းလယ်လူ ဘယ်ရီကို ၀က်စ်ဘရွန်းအသင်းခေါ်ယူ

အဲဗာတန်ကွင်းလယ်လူ ဘယ်ရီကို ၀က်စ်ဘရွန်းအသင်းခေါ်ယူ

သြဂုတ် ၁၆၊ အင်္ဂလန် ။             ။ ၀က်စ်ဘရွန်းအသင်းသည် အဲဗာတန်အသင်းမှ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ဘယ်ရီကို မဖော်ပြသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့်   ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိ ဘယ်ရီကို ၀က်စ်ဘရွန်းအသင်းက တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

၀က်စ်ဘရွန်းသို့ ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက်တွင် ဘယ်ရီက “၀က်စ်ဘရွန်းအသင်းကို ကူညီချင်လို့ လာခဲ့တာပါ။ ကျွန်တော်ဘယ်အသင်းမှာပဲ ကစားသည်ဖြစ်စေ ဒါက တူညီတဲ့ သဘောထားပါပဲ။ ၀က်စ်ဘရွန်းအသင်းတိုးတက်လာအောင်ကူညီချင်ပါတယ်။ ပြင်းပြင်းထန်ထန်ကြိုးစားပြီး အသင်းရဲ့အရည်အချင်းကို ပိုမိုတိုးတက်စေချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

ဘယ်ရီသည် ဗီလာ၊ မန်စီးတီး၊ အဲဗာတန်တို့တွင် ပရီးမီးယားလိဂ်ရာသီပေါင်း ၂၁ ရာသီကစားခဲ့ပြီး ပွဲပေါင်း ၆၂၈ ပွဲအထိ ကစားခဲ့ပြီးသူ ဖြစ်သည်။ ပရီးမီးယားလိဂ်တွင် ပွဲအများဆုံးကစားထားသည့် ရွိုင်ယန်ဂစ်၏စံချိန်ကိုလိုက်မီရန် ငါးပွဲသာ လိုအပ်တော့သည်။ ဘယ်ရီသည် အင်္ဂလန်အသင်းအတွက် ၅၃ ပွဲ ကစားခဲ့သူလည်း ဖြစ်သည်။

၀က်စ်ဘရွန်းနည်းပြ တိုနီပူးလစ်က ဘယ်ရီမှာ တကယ်ကိုကောင်းမွန်သည် ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags