ဆီးဂိမ်းစ်ဘောလုံးနှင့်ဖူဆယ်ပွဲများကို MFF က Live လွှင့်ခွင့်ရ

ဆီးဂိမ်းစ်ဘောလုံးနှင့်ဖူဆယ်ပွဲများကို MFF က Live လွှင့်ခွင့်ရ
ဓါတ်ပုံ MFF

သြဂုတ် ၁၆၊ ရန်ကုန်။            ။ မလေးရှားနိုင်ငံတွင်ကျင်းပနေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲမှ မြန်မာအသင်းများ၏ ဘောလုံးနှင့်ဖူဆယ်ပွဲများကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် facebook page တွင် တိုက်ရိုက် Live ထုတ်လွှင့်မည်ဖြစ်သည်။

မြန်မာယူ ၂၂ ဘောလုံးအသင်း၏ပွဲစဉ်အချို့အပြင် အမျိုးသမီးဘောလုံးပွဲစဉ်များကိုပါ အိမ်ရှင်မလေးရှားဘက်မှ ရုပ်သံရိုက်ကူးခြင်းမရှိသဖြင့် ပြည်တွင်းရုပ်သံလိုင်းများတွင် တိုက်ရိုက်ပြသနိုင်ခြင်း မရှိပေ။

ယင်းကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဘက်မှ ကြိုးပမ်းချက်အရ Social Media Live Streaming ရိုက်ကူးထုတ်လွှင့်ခွင့်ရခဲ့ ခြင်းဖြစ်သည်။

‘မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ မေတ္တာရပ်ခံချက်အရ မလေးရှားဆီးဂိမ်းစ် ပြိုင်ပွဲကျငး်ပရေး ကော်မတီသည် Social Media Live Streaming ရိုက်ကူးထုတ်လွှင့်ခြင်းကို ယနေ့မနက်က ခွင့်ပြုလိုက်ပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ယခု Official Facebook မှ မြန်မာအသင်း၏ အမျိုးသားဘောလုံးပွဲစဉ်များ၊ အမျိုးသမီးဘောလုံးနှင့် ဖူဆယ်(ကျား၊မ) ပွဲစဉ်များကို ရိုုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်’ ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့နံနက်ပိုင်း၌ ထုတ်ပြန်ခဲ့သည်။

မြန်မာယူ ၂၂ ဘောလုံးအသင်းသည် ယနေ့ည ရး၁၅ တွင် လာအိုအသင်းနှင့်ကစားရမည် ဖြစ်ပြီး Myanmar Football Federation facebook page မှ Live လွှင့်မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required