ပဋိပက္ခဖြစ်​ပွားခဲ့သော အလုံ​စျေး​ဆောက်​လုပ်​မည့်ကိစ္စအား မြို့​တော်​ဝန်​က ဆိုင်​းငံ့ခိုင်​းထား

ပဋိပက္ခဖြစ်​ပွားခဲ့သော အလုံ​စျေး​ဆောက်​လုပ်​မည့်ကိစ္စအား မြို့​တော်​ဝန်​က ဆိုင်​းငံ့ခိုင်​းထား
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်​ကုန်​၊သြဂုတ်​၁၅ ။             ။ ​ပဋိပက္ခဖြစ်​ အလုံ​စျေး​ဆောက်​လုပ်​သည့်ကိစ္စအား ရန်​ကုန်​မြို့​တော်​ဝန်​က ဆိုင်​းငံ့ခိုင်​းထား​ကြောင်​း အလုံမြို့နယ်​ ပြည်​သူ့လွှတ်​​တော်​အမတ်​ဦးရဲလွင်​က ​ပြောသည်​။

"ဒီ​စျေးကို ဒီတိုင်​းသွားမယ်​ဆိုရင်​ ပဋိပက္ခအသွင်​​ဆောင်​သွားရင်​ မ​ကောင်​းဘူး​ပေါ့​နော်​ ။ ဒါကိုဖြစ်​နိုင်တဲ့အ​နေအထားကို ညှိနိူင်​းဆောင်​ရွက်​​ပေးဖို့ ​မေတ္တာရပ် ခံတဲ့အခါကြတော့  ​လော​လောဆယ်​  ​စျေး​ဆောက်​တာကို ယာယီရပ်​ဆိုင်​းပြီး​တော့ ညှိနိူင်​းအ​ဖြေရှာမယ်​​ပေါ့​နော်​"ဟု အလုံမြို့နယ်​ ပြည်​သူ့လွှတ်​​တော်​အမတ်​ဦးရဲလွင်​က ​ပြောသည်​။

ရန်​ကုန်​စည်​ပင်​​စျေးများဌာနမှ အလုပ်​သမား​များနှင်​့ ​စျေးဆက်​​ဆောက်​လုပ်ရန်​ပြုလုပ်​ခဲ့ပြီး စျေးသူ​စျေးသားများဘက်​မှ ၎င်းတို့အတွက်​ တိကျ​သည်​့​နေရာ​ပေးမ​ပေး မသိရ​သေးလျှင်​ လက် မခံ​ကြောင်​း ​ပြောဆိုကာ စည်​ပင်​နှင်​့ ​စျေးသူ​စျေးသားများ ယ​နေ့သြဂုတ်​လ ၁၅ရက် မနက်ပိုင်​း၌ ​ပဋိပက္ခ ဖြစ်​ပွားခဲ့ခြင်​းဖြစ်​သည်​ဟု ၎င်းက​ပြောသည်​။

၎င်းပဋိပက္ခတွင်​ စည်​ပင်​​စျေးများဌာနမှ ဒုဌာနမှူးဦး​သောင်​းတင်​က "မင်​းတို့ယူနီ​ဖောင်​းဝတ်​ထားတာ​ကြောက်​​နေကြလား ။ ဝင်​တားရင်​ရိုက်​သတ်​ပစ်လိုက်​"ဟု ​ပြောဆိုခဲ့​ကြာင်​း ဗီဒီယိုဖိုင်​မှာ လူမှုကွန်​ယက်​တစ်​ခုဖြစ်​သည်​့ ​ဖေစ်​့ဘုတ်​တွင်​ ပျံနှံ့နေခဲ့သည်​။

အဆိုပါဗီဒီယိုထဲ၌ ဒုဌာနမှူးဦး​သောင်​းတင်​ပြန်​ထွက်​မည်​့ကား​ရှေ့တွင်​ ​အလုံစျေးသူ​စျေးသားများက လှဲအိပ်​ကာ ပြန်​မထွက်​နိုင်​​စေရန်​ပြုလုပ်​ခဲ့ကြသည်​။

အလုံ​စျေးတည်​​ဆောက်​ပြီးလျှင်​ ဆိုင်​ခန်​း​နေရာများပြန်​လည်​ရရှိရန်​အတွက်​ သြဂုတ်​လ(၁၁)ရက်​​နေ့၌လည်​း ​စျေးသူ​စျေးသားများမှ ဆန္ဒပြ​တောင်​းဆိုခဲ့ကြသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required