တောင်အာရှ သုံးနိုင်ငံမှာ ဖြစ်ပေါ်နေလျက်ရှိတဲ့ ရေကြီးရေလျှံမှုအတွင်း သေဆုံးသူဦးရေ ၂၂၀ အထိ မြင့်တက်လာ

တောင်အာရှ သုံးနိုင်ငံမှာ ဖြစ်ပေါ်နေလျက်ရှိတဲ့ ရေကြီးရေလျှံမှုအတွင်း သေဆုံးသူဦးရေ ၂၂၀ အထိ မြင့်တက်လာ

သြဂုတ် ၁၅ ။                ။ တောင်အာရှ သုံးနိုင်ငံဖြစ်ကြတဲ့ အိန္ဒိယ၊ နီပေါ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှာ ကြံုတွေ့နေရလျက်ရှိတဲ့ ရေလွှမ်းမိုးမှုများကြောင့် ယခုအချိန်ထိ သေဆုံးသူဦးရေဟာ အနည်းဆုံး ၂၂၁ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း တာဝန်ရှိသူတွေက သြဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ပြောကြားပါတယ်။

အလားတူ ယင်းနိုင်ငံသုံးနိုင်ငံမှာ စုစုပေါင်း လူ ၁ သန်းခွဲလောက်ဟာလည်း ရေကြီးမှုတွေကြောင့် ၎င်းတို့တွေရဲ့ နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံနေရလျက်ရှိတယ်လို့လည်း ဆိုပါတယ်။

ကယ်ဆယ်ရေးသမားတွေကလည်း ပျောက်ဆုံးနေသူတွေကို ရှာတွေ့နိုင်ဖို့အတွက် ရေအောက် နစ်မြုပ်နေပြီဖြစ်တဲ့ နေအိမ်တွေမှာ ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေရလျက်ရှိပါတယ်။

နီပေါနိုင်ငံမှာဆိုရင်လည်း ကြီးမားတဲ့ ရေကြီးရေလျှံမှုတွေကြောင့် နိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းနီးပါး ထိခိုက်ခံစားနေရပြီ ဖြစ်ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင်လည်း ရေလွှမ်းမိုးမှုတွေကြောင့် သေဆုံးသူ ၂၉ ဦးထက်မနည်း ရှိခဲ့ပြီး ပြည်သူ တစ်သန်းခွဲလောက် နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရုတ်တရက်ရေလွှမ်းမိုးမှုဖြစ်စဉ်တွေနဲ့ ကြံုတွေ့နေရပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံအရှေ့ပိုင်း ပြည်နယ်တွေမှာ သေဆုံးသူဦးရေ ၈၁ ဦးထက်မနည်း ရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required