NLD ဥက္ကဋ္ဌဟောင်​း ဦး​အောင်​​ရွှေအား သြဂုတ်​လ ၁၇ ရက်​​နေ့တွင်​ ​ရေ​ဝေး၌ မီးသဂြိုလ်​ဂူသွင်​းမည်​

NLD ဥက္ကဋ္ဌဟောင်​း ဦး​အောင်​​ရွှေအား သြဂုတ်​လ ၁၇ ရက်​​နေ့တွင်​ ​ရေ​ဝေး၌ မီးသဂြိုလ်​ဂူသွင်​းမည်​

ရန်​ကုန်​၊သြဂုတ်​၁၅ ။             ။ NLDဥက္ကဋ္ဌ ​ဟောင်​း ဦး​အောင်​ရွှေ၏ရုပ်​အ​လောင်​းအား လာမည့် သြဂုတ်လ၊ ၁၇ ရက်​​နေ့ ​နေ့လည်​ ၁၁ နာရီတွင်​ ​ရေ​ဝေးသုသာန်​၌ မီးသဂြိုလ်ဂူသွင်​းသွားမည်​ဖြစ်​သည်​။

"အားလုံးအတွက်​ တိုင်​းရင်​းသားပြည်​သူပြည်​သား​တွေအတွက်​ ဒါက ကြီးမားတဲ့ဆုံးရှံုးမှုပါ​၊ ဒါ​ကြောင်​့မို့ ဘဘရဲ့ဆုံးမလာမှု​တွေရယ်​ ​ခေါင်​း​ဆောင်​​ကောင်​းပြီသမှု​တွေရဲ့​အောက်​က​နေပြီး​တော့ ဒီလိုအ​နေအထား​တွေ​ရောက်​​အောင်​ ​ရှေ့​ဆောင်​​ကောင်​းအ​နေနဲ့လုပ်​​ပေးခဲ့တဲ့ ကျွန်​မတို့ရဲ့သူရဲ​ကောင်​းပါ"ဟု မရမ်​းကုန်​းမြို့နယ်​ ရန်​ကုန်​တိုင်​း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါ်မိုးမိုးစုကြည်​က ပြောသည်​။

ဦး​အောင်​​ရွှေကို မီးသဂြိုလ်​ပြီး​နောက်​ ဂူသွင်​းမြှုပ်​နှံရခြင်​းသည်​ အဖိုးမဖြတ်​နိုင်​သည်​့လူကြီးလူ​ကောင်​းတစ်​​ယောက်​ဖြစ်သည်​့​အတွက်​ဖြစ်​ ပြီး ​အောက်​​မေ့ဖွယ်​​အုတ်​ဂူသို့ အချိန်​မ​ရွေး သွား​ရောက်​ဂါဝရပြုနိုင်​ရန်​၊ နှစ်​ပတ်​လည်​အခမ်​းအနား ပြုလုပ်​ရန်​ ဖြစ်​​သည်​ဟု ​ဒေါ်မိုးမိုးစုကြည်​က ​ပြောသည်​။

​ဖေ​ဖော်​ဝါရီလ ၂၅ ရက်​​၊ ၁၉၁၇ ခုနှစ်​တွင်​​မွေးဖွား​သော ဦး​အောင်​​ရွှေသည်​ ယခုနှစ်​ သြဂုတ်​လ ၁၃ ရက်​​နေ့၊ ည ၉ နာရီ ၃၇ မိနစ်​အချိန်တွင်​ ဝိတိုရိယ​ဆေးရုံ၌ ကွယ်​လွန်​ခဲ့ပြီး အသက်​(၁၀၁)နှစ်​ရှိ​နေပြီ ဖြစ်​သည်​။

၎င်း၏ ရက်​လည်​ဆွမ်​းသွပ်​ပွဲကို သြဂုတ်​လ၊ ၁၇ ရက်​​နေ့၊ မနက်​ ရ နာရီတွင်​ ရန်​ကင်​းမြို့နယ်​၊ အမှတ်​(၆)ရပ်​ကွက်​၊ သုခဝတီလမ်​းရှိ ​နေအိမ်​၌ပြုလုပ်​သွားမည်​ဖြစ်​သည်​။

ဦး​အောင်​ရွှေသည် သံအမတ်​အငြိမ်​းစားတစ်​ဦး၊ ဗိုလ်​မှူးချုပ်​​ဟောင်​းတစ်​ဦး၊ NLDပါတီ၏ တည်​​ထောင်​သူနှင်​့ ဥက္ကဌ​ဟောင်​းတစ်​ဦး ဖြစ်​ခဲ့ပြီး လွတ်​လပ်​​ရေး​မော်​ကွန်​းဝင် ​ပထမအဆင်​့၊ နိုင်​ငံဂုဏ်​ရည်​ပထမအဆင်​့ စသည်​တို့ကို စွမ်​း​ဆောင်​ထားခဲ့ဖူးသူ တစ်​ဦးဖြစ်​သည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required