ကော်တင်ဟိုကို ပေါင် ၁၃၇ သန်းဖြင့် ဘာစီလိုနာအသင်း နောက်ဆုံးကမ်းလှမ်းမည်

ကော်တင်ဟိုကို ပေါင် ၁၃၇ သန်းဖြင့် ဘာစီလိုနာအသင်း နောက်ဆုံးကမ်းလှမ်းမည်

သြဂုတ် ၁၅၊ စပိန် ။              ။ လာလီဂါထိပ်သီးဘာစီလိုနာအသင်းသည် လီဗာပူးလ်တိုက်စစ်ကစားသမား ကော်တင်ဟိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၃၄ သန်းဖြင့်   နောက်ဆုံးကမ်းလှမ်းမှု   ပြုလုပ်ရန်ပြင်ဆင်နေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဘာစီလိုနာအသင်းသည် နေမာ၏နေရာတွင် အစားထိုးရန် ကော်တင်ဟိုကို ပေါင် ရ၂ သန်းဖြင့် တစ်ကြိမ်၊ ပေါင်သန်း ၉၀ ဖြင့် တစ်ကြိမ် ကမ်းလှမ်းခဲ့ရာ ၂ ကြိမ်စလုံးကို လီဗာပူးလ်အသင်းက ပယ်ချထားသည်။

လီဗာပူးလ်အသင်းက ရောင်းချရန် ဆန္ဒမရှိသော်လည်း ဘရာဇီးတိုက်စစ်မှူးကော်တင်ဟိုက ဘာစီလိုနာသို့ ပြောင်းခွင့်ပြုရန် တောင်းဆိုလိုက်ခြင်းကြောင့် အပြောင်းအရွှေ့မှာ   ဖြစ်မြောက်လာဖွယ် ရှိနေသည်။

ဘာစီလိုနာနှင့် အပြောင်းအရွှေ့သတင်းများထွက်ပေါ်လာပြီးနောက်တွင် ကော်တင်ဟိုသည် ကျောဒဏ်ရာကြောင့်ဆိုကာ ၀က်ဖို့ဒ်နှင့် ၃ ဂိုးစီ သရေကျခဲ့သော ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ပါ၀င်ကစားခဲ့ခြင်း မရှိပေ။

ထို့အပြင် ယနေ့ည၌ ဟော့ဖင်ဟိန်းနှင့် ယှဉ်ပြိုင်ကစားရမည့် လီဗာပူးလ်အသင်း၏ ချန်ပီယံလိဂ် Play-off ပထမအကျော့ လူစာရင်းတွင်လည်း ကော်တင်ဟို ပါ၀င်ခြင်း မရှိသည်ကို တွေ့ရသည်။

ဘာစီလိုနာအသင်းသည် တရုတ်ကလပ်ဂွမ်ဇူးအသင်းမှ ဘရာဇီးကွင်းလယ်ကစားသမား ပေါ်လင်ဟိုကိုလည်း ယူရိုသန်း ၄၀ ဖြင့် ခေါ်ယူထားသည်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly