အိမ်အကူမိန်းကလေး ထွက်ဆိုချက်များမှာ ကိုဆွေဝင်း သင်ပြပေးခဲ့သည့်အတိုင်း ထွက်ဆိုခြင်းဖြစ်ဟု ရာဇာထွန်း ထွက်ဆို

အိမ်အကူမိန်းကလေး ထွက်ဆိုချက်များမှာ ကိုဆွေဝင်း သင်ပြပေးခဲ့သည့်အတိုင်း ထွက်ဆိုခြင်းဖြစ်ဟု ရာဇာထွန်း ထွက်ဆို

ရန်ကုန်၊ သြဂုတ်လ ၁၅ ။              ။ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ၏ သမီးဖြစ်သူ စုမွန်လတ်ထံတွင် အိမ်အကူလုပ်ကိုင်ရင်း ညှဉ်းပန်းနှိပ် စက်ခံခဲ့ရသည့် မစန်းကေခိုင်အနေဖြင့် ရုံးတော်တွင် ထွက်ဆိုချက်များမှာ သတင်းထောက် ကိုဆွေဝင်း သင်ပြ ပေးခဲ့သည့်အတိုင်း ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း စုမွန်လတ်၏ ခင်ပွန်း ရာဇာထွန်းက ရုံးတော်တွင် စွပ်စွဲထွက် ဆိုခဲ့သည်။

ယနေ့ သြဂုတ်လ ၁၅ ရက်ရုံးချိန်းတွင် စွပ်စွဲခံရသူ ရာဇာထွန်းအား အိမ်အကူမိန်းကလေးများဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် ခရိုင်ဥပဒေအရာရှိက အပြန်အလှန်မေးခွန်းများမေးမြန်းခဲ့ရာ ရာဇာထွန်းက ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးတော်ရှေ့တွင် ထိုသို့ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

“ စန်းကေခိုင်ဟာ အသက်ငယ်ရွယ်သူဖြစ်ပြီးတော့ ရိုးသားတဲ့ တောသူတောင်သားဖြစ်တဲ့အတွက် သူတွေ့ကြံု ခံစားခဲ့ရတဲ့ အတိုင်း ရုံးတော်မှာ ထွက်ဆိုခဲ့တယ်ဆိုလျှင်”ဟု စွပ်စွဲခံရသူ ရာဇာထွန်းကို ခရိုင်ဥပဒေအရာရှိက မေးမြန်းခဲ့သည်။

ခရိုင်ဥပဒေအရာရှိက ထိုသို့ မေးမြန်းခဲ့ရာ “မဟုတ်ပါ။ ဦးဆွေဝင်း သင်ပေးခဲ့တဲ့အတိုင်း ထွက်ဆိုခြင်းသာ ဖြစ်ပါတယ်”ဟု ရာဇာထွန်းက ရုံးတော်တွင် စွပ်စွဲထွက်ဆိုခဲ့သည်။

ထို့ပြင် မစန်းကေခိုင်၏ ပေါင်နှင့် လက်တို့တွင် ရရှိခဲ့သည့် ဒဏ်ရာအများစုမှာ ၄င်းနှင့် ၄င်းဇနီးဖြစ်သူ စုမွန်လတ် တို့က ဂတ်စ်မီးခြစ်ဖြင့် ရှိုး၍ ရရှိခဲ့သော ဒဏ်ရာများမဟုတ်ကြောင်း၊ မစန်းကေခိုင်၏ လက်ချောင်း ၁ဝ ချောင်း ကျိုး နေခြင်းမှာလည်း ၄င်းတို့ ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ အိမ်မှ မစန်းကေခိုင်၏ အုပ်ထိန်းသူ မိဘများလာ ရောက် ခေါ် ဆောင်စဉ်က အကောင်းအတိုင်းခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ရာဇာထွန်းက ငြင်းဆိုပြီး ရုံးတော်တွင် ထွက်ဆိုခဲ့သည်။

အဆိုပါ မစန်းကေခိုင်၏ ခန္ဓာကိုယ်အနှံအပြားရှိ ဒဏ်ရာအမာရွတ်များနှင့် ပတ်သက်ပြီး မစန်းကေခိုင်မှာ မတ်လ ၁၄ ရက်နေ့က ရုံးတော်တွင် လာရောက်ထွက်ဆိုအစစ်ဆေးခံခဲ့သည်။ ထိုသို့ လာရောက်ထွက်ဆိုခဲ့ရာတွင် ၄င်း၏ လက်ချောင်း ၁ဝ ချောင်းအား နောက်လှန်ချိုးခြင်းအပါအဝင် ကတ် ကြေးဖြင့် ထိုးခြင်း၊ မီးခြစ်အပူဖြင့် ကပ်ခြင်း၊ ဓားဖြင့်ခုတ်ခြင်း၊ ပုလင်းဖြင့် ရိုက်ခြင်း၊ တံမျက်စည်းဖြင့် ရိုက်ခြင်း များအား စုမွန်လတ်က အဓိက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မစန်းကေခိုင်က ထွက်ဆိုအစစ်ဆေးခံခဲ့သည်။

“ ကျွန်မ ပင်ပန်းပြီး မထနိုင်တဲ့အတွက် သူတို့ ဥပုသ်လတစ်လအတွင်းမှာ လက်ချောင်း ၁ဝ ချောင်းလုံး ကို နောက်ကို လှန်ပြီး ချိုးခဲ့တာဖြစ်ပါတယ် ” ဟု မစန်းကေခိုင်က ထွက်ဆိုခဲ့သည်။

ထိုသို့ လက်ချောင်းများ လှန်ချိုးချိန်တွင် စုမွန်လတ်၏ ခင်ပွန်းဖြစ်သူကပါ ပါ၀င်လုပ်ဆောင်ခဲ့သည်ဟု ထွက်ဆို ခဲ့ပြီး ရရှိသောဒဏ်ရာများအကြောင်း အသေးစိတ်ပြောခဲ့သည်။ မစန်းကေခိုင် ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်ဒဏ်ရာပေါင်း ၁၇၃ ခုရှိပြီး ဓာတ်မှန်အဖြေအရ ဦးခေါင်းခွံရိုး နေရာ တွင် ချိုင့်ဝင်နေကာ အလယ်စပ်ကြောင်းမှာ ကျိုးနေကြောင်း၊ ဝဲဘက်လက်မောင်းရိုးကျိုး၊ လက်ညှိုး၊ လက်ခ လယ်၊ လက်သူကြွယ်လက်ချောင်းများ အလယ်တွင် ကျိုး၊ လက်ယာလက်မောင်း ကျိုးနေခြင်းများ တွေ့ရှိရ ကြောင်း သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ၁၃ ရက် ရုံးချိန်းမှ စတင်ကာ စွပ်စွဲခံရသူ ဒေါ်တင်သူဇာအပါအဝင် ၆ ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၅ ဦးထိ စစ်ဆေးပြီးစီးခဲ့ပြီဖြစ်သည်။ ထိုသို့ စစ်ဆေးပြီးစီးခဲ့သည့် စွပ်စွဲခံရသူ ဒေါ်တင်သူဇာအပါအဝင် ၅ ဦးလုံးက ၄င်းတို့အိမ်တွင် အိမ်အကူလုပ် ကိုင်ခဲ့သည့် မစန်းကေခိုင်နှင့် မသဇင်တို့ကို ညှင်းပန်းနှိပ်စက်ခြင်း၊ လစာခေါင်းပုံဖြတ်ခြင်း၊ ပိတ်လှောင်ချုပ် နှောင်ထားခြင်းများ လုံးဝပြုလုပ်ခဲ့ခြင်းမရှိကြောင်း ရုံးတော်တွင် ငြင်းဆိုခဲ့ကြသည်။

လာမည့် သြဂုတ်လ ၁၇ ရက်နေ့ ရုံးချိန်းတွင် တစ်ဦးတည်းသာကျန်ရှိသည့် စွပ်စွဲခံရသူ သီရိလတ်ကို အပြန် အလှန် မေးခွန်းများမေးမြန်းကာ ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required