ရန်ကုန်-ပြည် အဆန် မီးရထားအား ဆိုင်ကယ်ဖြင့် ၀င်တိုက်မိသူကို အမှုဖွင့်အရေးယူ

ရန်ကုန်-ပြည် အဆန် မီးရထားအား ဆိုင်ကယ်ဖြင့် ၀င်တိုက်မိသူကို အမှုဖွင့်အရေးယူ

ပြည်၊ သြဂုတ်၁၅ ။                ။ သြဂုတ်လ ၁၃ ရက်တွင် ရန်ကုန်ဘူတာမှ ထွက်ခွာလာသော  ရန်ကုန်-ပြည် အမှတ်(၇၁) အဆန်မီးရထားကို ဆိုင်ကယ်တစ်စီးက ၀င်ရောက်တိုက်မိခဲ့သဖြင့် အဆိုပါ ဆိုင်ကယ်ယာဉ်မောင်းကို မီးရထားဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ထိုနေ့ ည ရ နာရီ ခွဲအချိန်က ၄င်းမီးရထားသည် ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် နတ်တလင်းဘူတာ နှင့် ဇီးကုန်းဘူတာကြား မိုင်တိုင်အမှတ် ၁၂၀/၁၇-၁၈ ကြားသို့ဖြတ်သန်းမောင်း နှင်စဉ် ရထားလမ်း၏ ၀ဲဘက်ခြမ်း သနပ်ပင်ကွင်းကျေးရွာဘက် မှ ယာဘက်ခြမ်း ဂေါက်ကွင်းဘက် သို့ဖြတ်သန်းမောင်း နှင်လာသည့် ဆိုင်ကယ်က Lisan 125 အနက်ရောင် ၃၂ယ/……….က ရထားစက်ခေါင်း၏ ၀ဲဘက်ခြမ်းသို့ အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မိခြင်းဖြစ်သည်။

ဆိုင်ကယ်ဝင်တိုက်မိခြင်းကြောင့် ရထားတွင် ၉ လက်မခန့် ဆေးသားပွန်း ပဲ့သွားခဲ့ပြီးကာလတန်ဘိုး ကျပ်(၁၀၀၀၀၀) တစ်သိန်းကျပ် ပျက်စီးဆုံးရှံုးမှုဖြစ်ခဲ့ပြီး ရထားခရီးသည် နှင့်ဝန်ထမ်းများ ထိခိုက်မှုမရှိခဲ့ပေ။

၀င်တိုက်သည့် ဆိုင်ကယ်မှာ အိတ်ဇောပိုက်ကျိုး ၊ ရှေ့မီးသီးကွဲ ၊ ရှေ့ဒူးကာကွဲပြီး ဆိုင်ကယ် ယာဉ်မောင်း မရီရီမိုးမှာ နဖူးပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး နတ်တလင်းမြို့  ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသခဲ့ရသည်။

ထို့ကြောင့် ရထားမောင်းနှင်နေစဉ် တရာမဝင်ရထားသံလမ်းကူး မှ  ဆိုင်ကယ်ဖြင့် မဆင်မခြင် ပေါ့ဆစွာဖြတ်သန်းမောင်းနှင်သူ မရီရီမိုးအား ရထား လုံခြံုရေးအဖွဲ့ ရဲဒုတပ်ကြပ်ဇေယျာဖြိုးမှ တရားလိုလုပ်တို်င်တန်းသည့်အတွက် နတ်တလင်းမြို့မရဲစခန်းတွင် (ပ)၆၇၂/၂၀၁၇၊ ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေပုဒ်မ-၈၅ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required