ဆီးဂိမ်းစ်မြန်မာပွဲများ တိုက်ရိုက်ထုတ်လွှင့်ခွင့်ရရန် ဘောလုံးအဖွဲ့ချုပ် ကြိုးပမ်းနေ

ဆီးဂိမ်းစ်မြန်မာပွဲများ တိုက်ရိုက်ထုတ်လွှင့်ခွင့်ရရန် ဘောလုံးအဖွဲ့ချုပ် ကြိုးပမ်းနေ
(ဓာတ်ပုံ - MFF)

ဆီးဂိမ်းစ်အုပ်စုပွဲစဉ်နှစ်ပွဲဖြစ်သော မြန်မာ - လာအို၊ မြန်မာ - ဘရူနိုင်းပွဲစဉ်များကို တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်ရရန် မြန်မာဘောလုံးအဖွဲ့ချုပ်က ဆက်လက်ကြိုးပမ်းနေသည်။

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပွဲစဉ်များကို မလေးရှားရုပ်သံလိုင်း နှစ်လိုင်းဖြစ်သော Astro and Myfree View ရုပ်သံလိုင်းများက ရိုက်ကူးထုတ်လွှင့်ပေးနေပြီး MRTV နှင့် MRTV-4 တို့မှဝယ်ယူကာ မြန်မာနိုင်ငံတွင် ပြန်လည်ထုတ်လွှင့်ပေးနေခြင်းဖြစ်သည်။

မလေးရှားရုပ်သံလိုင်းနှစ်လိုင်းမှာ မလေးရှားအိုလံပစ်ကော်မတီမှ ခွင့်ပြုသော ပွဲစဉ်များကိုသာ ရိုက်ကူးခွင့်ရခြင်းဖြစ်ပြီး ယင်းကော်မတီဆုံးဖြတ်ချက်အရ မြန်မာအသင်း နှစ်ပွဲကို ထုတ်လွှင့်ခွင့်မရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်တို့ မလေးရှားအိုုလံပစ်ကော်မတီနှင့် ညှိုနှိုင်းနေသည်။

သို့သော် ယင်းနှစ်ပွဲကို ပြသခွင့်ရရန် မသေချာဘဲ အိမ်ရှင်မလေးရှားနှင့်ပွဲသာ ပြခွင့်ရဖွယ် ရှိနေသည်။

မြန်မာယူ ၂၂ အသင်းသည် သြဂုတ် ၁၆ ည ရး၁၅ နာရီတွင် လာအိုအသင်း၊ သြဂုတ် ၁၈ နေ့လယ် ၂း၃၀ နာရီတွင်ဘရူနိုင်းအသင်း၊ သြဂုတ် ၂၁ ည ရး၁၅ နာရီတွင် အိမ်ရှင်မလေးရှားအသင်းနှင့် ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required