စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်ပြီဖြစ်သည့် ဂျီချန်ဝတ်ခ်

စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်ပြီဖြစ်သည့် ဂျီချန်ဝတ်ခ်

တောင်ကိုရီးယားမင်းသား ဂျီချန်ဝတ်ခ်သည် သြဂုတ်လ ၁၄၇က်နေ့တွင် စစ်မှုထမ်းတာဝန် ထမ်းဆောင်ရန် အတွက် စာရင်းပေးသွင်းခဲ့ပြီး စစ်သင်တန်းများကို စတင်တက်ရောက်တော့မည်ဖြစ်သည်။

ငါးပတ်ခန့်ကြာမြင့်မည့် အခြေခံစစ်သင်တန်းပြီးနောက်တွင် ဂျီချန်ဝတ်ခ်သည် စစ်သားတစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ရန် စီစဉ်ထားသည်။ တောင်ကိုရီးယား စစ်မှုထမ်းဥပဒေအရ စစ်သင်တန်း ပြီးနောက်တွင် သင်တန်း သားသည် စစ်သားတစ်ဦးအဖြစ် သို့မဟုတ် ရဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခွင့်ရှိပြီး ဂျီချန်ဝတ်ခ် က စစ်သားအဖြစ် တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း   ဖြစ်သည်။

ဂျီချန်ဝတ်ခ်သည် သရုပ်ဆောင်ဘဝကို လွန်ခဲ့သော ၂၀၀၈ ခုနှစ်ကစတင်ခဲ့ပြီး ၂၀၁၀ တွင် Smile Donghae ဇာတ်လမ်းတွဲ၌ ပထမဦးဆုံးအကြိမ်အဖြစ် ခေါင်းဆောင်မင်းသားနေရာမှ ပါ၀င်ခဲ့သည်။ ထို့နောက်တွင် လူကြိုက် များ အောင်မြင်သည့် ဇာတ်လမ်းတွဲများဖြစ်သော Warrior Baek Dong Soo၊ Empress Ki  နှင့် Healer တို့တွင် ဆက်တိုက်ဆိုသလို ပါ၀င်သရုပ်ဆောင်ခဲ့သည်။

ဒါ့အပြင်သူသည် ဂီတနောက်ခံဇာတ်လမ်းဖြစ်သော Thrill Me ၌ ပါ၀င်သရုပ်ဆောင်ပြီး သူ၏ဂီတစွမ်းရည်ကို ပရိသတ်အား ချပြနို်င်ခဲ့သလို အက်ရှင်ဇာတ်ကားဖြစ်သော Fabricated City ၌လည်း သရုပ်ဆောင်ခဲ့သည်။

သူနောက်ဆုံးပါ၀င်သရုပ်ဆောင်ထားသည့် ဒရာမာဇာတ်လမ်းတွဲမှာ လူကြိုက်များအောင်မြင်ခဲ့သည့် Suspicious Partner ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required