အိန္ဒိယမှာ မြေပြိုမှုကြောင့် လူ ၄၅ ဦး သေဆုံး

အိန္ဒိယမှာ မြေပြိုမှုကြောင့် လူ ၄၅ ဦး သေဆုံး
(ဓာတ်ပုံ - အီးပီအေ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ မိုးသည်းထန်ပြီး မြေပြိုမှုကြောင့် လူ ၄၅ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဟယ်မာချာပါဒရပ် ပြည်နယ် မန်ဒီခရိုင်မှာ မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် အဝေးပြေးလမ်တစ်ခုပေါ် ရွှံ့နွ့ံပြိုကျမှုကြောင့် ခရီးသည်တင် ဘတ်စ်ကား နှစ်စီး၊ ကား နှစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ နစ်မြုပ်ဖုံးအုပ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါဖြစ်ပွားချိန်မှာ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက် ၄း၂၀ ခန့်အချိန်လို့ သိရပါတယ်။

စစ်သားများနှင့် ရဲများက ကျောက်တုံးများနှင့် အပျက်အစီးများကြား နစ်မြှုပ်နေတဲ့ အလောင်းများကို ဆွဲထုတ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါတယ်။

"ဘတ်စ်တစ်စီးဟာ ရွှ့ံနွ့ံတွေအောက် ၁၅ မီတာနီးပါးအထိ နစ်မြှုုပ်ခဲ့ပါတယ်။"လို့ ရဲအရာရှိ မစ္စတာရှားမားက ပြောပါတယ်။ "ဘတ်စ်ကား ဖော်ထုတ်ဖို့ နာရီပေါင်းများစွာ ခက်ခက်ခဲခဲ လုပ်ခဲ့ရပါတယ်။"

အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ မိမိဝမ်းနည်းကြေကွဲမှုဖြစ်မိပါကြောင်း ဝန်ကြီးချပ်ရုံးရဲ့ တရားဝင် တွစ်တာအကောင့်မှ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ မုတ်သုန်ရာသီမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြေပြိုခြင်းနှင့် ရေကြီးမှုတွေကို မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required