အင်ဒိုနီးရှား၌ ပြင်းအား ၆.၄ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ခတ်

အင်ဒိုနီးရှား၌ ပြင်းအား ၆.၄ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ခတ်

ဂျာကာတာ၊ သြဂုတ် ၁၃ ။          ။ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း၏ အနောက်ဘက်ကမ်းရိုးတန်း၌ တနင်္ဂနွေနေ့တွင် ပြင်းအား ၆.၄ ပမာဏရှိ သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။

သို့သော်လည်း အာဏာပိုင်များဘက်မှ အပျက်အစီးဆုံးရှုံးမှုစာရင်းနှင့် အသေအပျောက်စာရင်းကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းရှိ မြေငလျင်များကို တိုင်းတာမှတ်တမ်းယူနေသော အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့က အင်ဒိုနီးရှား၌ တနင်္ဂနွေနေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်သည် လူပေါင်းများစွာနေထိုင်သော ဘန်ကူလူမြို့၏ အနောက်တောင်ဘက် ရ၃.၉ ကီလိုမီတာအကွာမှ အနက် ၃၅.၉ ကီလိုမီတာခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပစိဖိတ်ဆူနာမီသတိပေးစင်တာမှ ငလျင်လှုပ်ခတ်အပြီး လုပ်ဆောင်ရမည့် အကြံပြုချက်များကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသည် ပစိတ်ဖိတ်သမုဒ္ဒရာအတွင်း၌ ငလျင်လှုပ်ခတ်မှုများနှင့် မီးတောင်ပေါက်ကွဲမှုများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသော ဒေသ၌တည်ရှိပြီး ထိုဒေသတွင်း၌ တစ်နှစ်လျှင်ပျှမ်းမျှအားဖြင့် ငလျင်ပေါင်း ရ၀၀၀ ခန့် လှုပ်ခတ်လေ့ရှိသည်။

လွန်ခဲ့သော ၂၀၀၄ ခုနှစ်က ဆူမားတြားကျွန်း မြောက်ပိုင်း၌ ငလျင်လှုပ်ခတ်ခဲ့သောကြောင့် အိန္ဒိယသမုဒ္ဒရာ အတွင်း၌ တည်ရှိသော နိုင်ငံပေါင်းများစွာမှ လူပေါင်း ၂၂၆၀၀၀ ကျော်ခန့်ကို သေဆုံးစေခဲ့သော ဆူနာမီလှိုင်း များ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly