အပြုံးဖြင့် ဘောလုံးကစားခြင်းက အကောင်းဆုံးဟု ဝေါ်လ်ကာ ပြော

အပြုံးဖြင့် ဘောလုံးကစားခြင်းက အကောင်းဆုံးဟု ဝေါ်လ်ကာ ပြော

သြဂုတ် ၁၃၊ အင်္ဂလန် ။           ။ မန်စီးတီးအသင်း၏ နောက်ခံကစားသမားသစ် ဝေါ်လ်ကာက အပြုံးမျက်နှာဖြင့် ဘောလုံးကစားခြင်းက အကောင်းဆုံးဟု ပြောဆိုလိုက်သည်။

နည်းပြ ဂွါဒီယိုလာက ပေါင် ၄၅ သန်းဖြင့် စပါးအသင်းမှ ခေါ်ယူထားသည့် ဝေါ်လ်ကာသည် ဘရိုက်တန်အသင်းအား မန်စီးတီးအသင်းက အနိုင်ရသည့်ပွဲတွင် ပါ၀င်ခြေစွမ်းပြခဲ့သည်။

ဝေါ်လ်ကာမှာ မန်စီးတီးကစားသမားဘဝကို နှစ်သက်သဘောကျလျက်ရှိပြီး သူ၏မျက်နှာတွင် အပြုံးဖြင့် ဘောလုံးပြန်ကစားနိုင်ခြင်းမှာ တကယ်ကို ကောင်းမွန်ကြောင်း ဆိုသည်။ ၎င်းသည် ပြီးခဲ့သည့်နှစ်က ရာသီကုန်ဆုံးခါနီးတွင် စပါးအသင်း၌ ရုန်းကန်ခဲ့ရပြီး ထရစ်ပီယာကို သူ၏ပွဲထွက်ခွင့်နေရာ ပေးခဲ့ရသည်။

“မန်စီးတီးအသင်းမှာ ကစားရတာကို တကယ် သဘောကျပါတယ်။ မန်စီးတီးအသင်းသားတွေက ရင်းရင်းနှီးနှီးကြိုဆိုကြလို့ ဘောလုံးကစားရတာ တကယ်ပျော်ဖို့ ကောင်းပါတယ်။

ခင်ဗျားရဲ့မျက်နှာမှာ အပြုံးနဲ့ ဘောလုံးကစားတာက တကယ်ကို အကောင်းဆုံးပါပဲ” ဟု ဝေါ်လ်ကာက ဆိုခဲ့သည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် တန်းတက် ဘရိုက်တန်အသင်းကို ၀-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မန်စီးတီးအတွက် အနိုင်ဂိုးများကို အဂူရိုက တစ်ဂိုးသွင်းယူပေးခဲ့ပြီး ဘရိုက်တန်အသင်းက ကိုယ့်ဂိုးကိုယ်တစ်ဂိုး ပြန်သွင်းမိခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly