မန်းတိုင်းအစိုးရရုံးများနှင်​့ ပရဟိတ အ​ခြေစိုက်​ရာ​နေရာများကို Mobile App ဖြင့် သိနိုင်​​တော့မည်​

မန်းတိုင်းအစိုးရရုံးများနှင်​့ ပရဟိတ အ​ခြေစိုက်​ရာ​နေရာများကို Mobile App ဖြင့် သိနိုင်​​တော့မည်​
ဓာတ်ပုံ-အောင်ကိုဦး
 

မန္တ​လေး၊ သြဂုတ် ၁၃ ။          ။ မန္တလေးတိုင်းဒေသကြီးရှိ အစိုးရနှင်​့ ပရဟိတရုံးတည်နေရာများ၊ ဆက်သွယ်ရမည့် ဖုန်းနံပတ်များကို မိုဘိုင်​းအက်​ပလီ​ကေးရှင်​းဖြင့် သိရှိနိုင်​မည်ဟု မန္တလေးတိုင်းဒေသကြီး ကွန်ပြူတာပညာရှင်များအသင်း ဥက္ကဋ္ဌ ကိုဥက္ကာကျော်က ပြောသည်။

အဆိုပါ IROUTE အမည်ရှိ မိုဘိုင်​းအက်​ပလီ​ကေးရှင်​းကို မန္တလေးနှင့် မိတ္ထီလာကွန်ပျူတာတက္ကသိုလ် မှ နောက်ဆုံးနှစ် ကျောင်းသား/သူ (၃၆)ဦးနှင့်မန္တလေးတိုင်းဒေသကြီးကွန်ပျူတာရှင်များအသင်း၊ ကွန်ပျူတာလုပ်ငန်းရှင်များအသင်းတို့က တိုင်းဒေသကြီးအစိုးရ၏​ ထောက်​ပံမှုဖြင်​့ ပူးပေါင်း ရေးဆွဲခဲ့ခြင်းဖြစ်သည်​။

“တစ်​ခုခုများ ရုတ်​တရက်​အ​ရေး​ပေါ်ဖြစ်​လာပြီဆို ဖုန်​းထဲမှာရှိတဲ့ အက်​ပလီ​ကေးရှင်​း ကိုဖွင်​့လိုက်​တာနဲ့ ကျွန်​​တော်​တို့​ရောက်​​နေတဲ့​နေရာနဲ့ အနီးဆုံးမှာရှိတဲ့ မီးသတ်​စခန်​း​တွေ ​ဆေးရုံ​တွေ ​ပရဟိတ​တွေက သတင်​းအချက်​လက်​​တွေကို ​Map ​ပေါ်မှာ ပြ​ပေးမယ်​။ ကိုယ်​နဲ့အနီးဆုံးလို့ထင်​တဲ့​နေရာကို​ ထောက်​လိုက်​တာနဲ့ သတင်​းအချက်​အလက်​​အ​သေးစိတ်​ကို ပြ​ပေးမယ်​။ အဖွဲ့အစည်​းနာမည်​၊လိပ်​စာနဲ့ဖုန်​း​တို့ ပါမယ်​။ အက်​ပလီ​ကေးရှင်​းထဲမှာမှ ဖုန်​း​ခေါ်တဲ့ Feature ​တွေပါမယ်​”ဟု ကွန်​ပြူတာလုပ်​ငန်​းရှင်​များအသင်​းမှ အလုပ်​အမှု​ဆောင်​ ကိုရဲရင်​့​အောင်​က​ပြောသည်​။

အဆိုပါ မိုဘိုင်​းအက်​ပလီ​ကေးရှင်​းဖြင့် မီးသတ်ရေငုပ်၊ မီးသတ်စခန်း၊ ရဲစခန်း၊ ပရဟိတရုံး၊ဆေးရုံ၊ကျောင်း တက္ကသိုလ် နှင့် ရေကန်အစရှိသော တည်နေရာများကို မိမိရောက်ရှိနေသောနေရာမှ မိုဘိုင်းဖုန်းဖြင့် သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“အားလုံးက ဆိုရှယ်​မီဒီယာဆိုတဲ့​ခေတ်​ ဆိုပြီး ​ရောက်​​နေတဲ့အချိန်​မှာ လူတိုင်​းလက်​ထဲမှာ မိုဘိုင်​း၊ တက်​ဘလက်​​တွေရှိ​နေ​တေဲ့အခါမှာ သတင်​းအချက်​အလက်​ကို လွယ်​လွယ်​ကူကူနဲ့လျင်​လျင်​မြန်​မြန်​ထိထိ​ရောက်​​ရောက်​ သိနိုင်​ဖို့ဆိုတဲ့ ရည်​ရွယ်​ချက်​နဲ့ပါ”ဟု ​အဆိုပါ မိုဘိုင်​းအက်​ပလီ​ကေးရှင်​း ရေးဆွဲရခြင်​း အ​ကြောင်​းကို ကိုဥက္ကကာ​ကျော်​က ပြောသည်​။

အဆိုပါ IROUTE အက်​ပလီ​ကေးရှင်​းကို လွန်ခဲ့သောသုံးလခန်​့က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးအပ်လှူဒါန်​းခဲ့ခြင်း ဖြစ်သည်။

“သူတို့တတ်တဲ့ပညာနဲ့ သူတို့အသုံးချနိုင်အောင် တစ် အချက်ပါ ။ နှစ် အချက်က သူတို့ အသုံးချလိုက်တဲ့ ပညာရပ်ဟာ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် လိုအပ်နေတဲ့ Programming တွေ ရရှိနိုင်အောင်ရယ် လုပ်ငန်းကိုင်ငန်းတွေမှာ အသုံးဝင်လာအောင် ကျွန်တော်တို့က ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်”ဟု မန္တ​လေးတိုင်​း​ဒေကြီး တိုင်​းရင်​းသား​ရေးရာဝန်​ကြီး ဦးစိုင်​း​ကျော်​​ဇောက ​ပြောသည်​။

အဆိုပါ အက်​ပလီ​ကေးရှင်​းကို ယခုနှစ်​အတွင်​း အများပြည်​သူ အခမဲ့အသုံးပြုနိုင်​​အောင်​ ​ဆောင်​ရွက်​သွားမည်​ ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly