ကော်တင်ဟို၏ အနာဂတ်ကို အသင်းပိုင်ရှင်များက ဆုံးဖြတ်လိမ့်မည်ဟု နည်းပြ ဂျာဂင်ကလော့ပ်ပြော

ကော်တင်ဟို၏ အနာဂတ်ကို အသင်းပိုင်ရှင်များက ဆုံးဖြတ်လိမ့်မည်ဟု နည်းပြ ဂျာဂင်ကလော့ပ်ပြော

အင်္ဂလန်၊ သြဂုတ် ၁၃ ။            ။ ကော်တင်ဟို၏ အနာဂတ်ကို လီဗာပူးလ်အသင်းပိုင်ရှင်များကသာ ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်း နည်းပြ ဂျာဂင်ကလော့ပ်က ပြောဆိုလိုက်သည်။

ကော်တင်ဟိုကို ဘာစီလိုနာအသင်းက ပေါင်သန်း ၉၀ ဖြင့် ကမ်းလှမ်းခဲ့သည်ကို လီဗာပူးလ်အသင်းက ငြင်းပယ်ခဲ့ပြီးနောက် ဘရာဇီးတိုက်စစ်ကစားသမားက အသင်းပြောင်းခွင့်ပြုရန် တောင်းဆိုထားသည်။

လီဗာပူးလ်အသင်းကို ပိုင်ဆိုင်သည့် Fenway Sports Group(FSG)က ကော်တင်ဟိုကို ရောင်းချမည်မဟုတ်ဟု ပြောဆိုခဲ့သော်လည်း ကစားသမားဘက်က အသင်းပြောင်းခွင့်ကို   တောင်းဆိုလာသည့်အတွက် အပြောင်းအလဲများ ဖြစ်လာဖွယ်ရှိနေသည်။ ကော်တင်ဟိုမှာ လီဗာပူးလ်အသင်း၏ ၀က်ဖို့ဒ်နှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင်လည်း ဒဏ်ရာကြောင့်ဟု ဆိုကာ ပါ၀င်ကစားခဲ့ခြင်း မရှိပေ။

 “အသင်းပိုင်ရှင်တွေဘက်က ဆုံးဖြတ်တာကို ကျွန်တော်လက်ခံသွားမှာပါ။ လက်ရှိမှာတော့ ကျွန်တော့်ရဲ့အသင်းပေါ်ကိုပဲ အာရုံစိုက်ထားပါတယ်” ဟု ဂျာဂင်ကလော့ပ်က ဆိုသည်။

လီဗာပူးလ်အသင်းသည် ကော်တင်ဟို မပါ၀င်နိုင်သည့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် ၀က်ဖို့ဒ်အသင်းနှင့် သုံးဂိုးစီသရေကျခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly