မြောက်ကိုရီးယား ရန်ကြောင့် ဂျပန်က ဒုံးခွင်းဒုံးစနစ် ဖြန့်ကြက်

မြောက်ကိုရီးယား ရန်ကြောင့် ဂျပန်က ဒုံးခွင်းဒုံးစနစ် ဖြန့်ကြက်

တိုကျို၊ သြဂုတ် ၁၂ ။                             ။ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ဂျပန်နိုင်ငံပေါ်က ဖြတ်ပြီး ပဲ့ထိန်းဒုံး လေးစင်း ပစ်လွှတ်မည်ဟု မြောက်ကိုရီးယား၏ ခြိမ်းခြောက်သံကြောင့် ဂျပန်နိုင်ငံသည်   နိုင်ငံအနောက်ဖက် ဧရိယာတစ်ချို့တွင် ဒုံးခွင်းဒုံးစနစ် ဖြန့်ကြက်တပ်ဆင်လျက်ရှိပြီဖြစ်သည်။

မြေပြင်မှ ဝေဟင်ပစ် Patriot Advanced Capability 3 PAC 3 ဒုံးခွင်းဒုံးများကို မြောက်ကိုရီးယား ဒုံးကျည် လာရာလမ်း ဖြစ်နိုင်သည့် ရှီမာနီ၊ ဟီရိုရှီးမား၊ ကိုချီနှင့် အီမီပြည်နယ်များတွင်   ဖြန့်ကြက်ထားခြင်းဖြစ်ကြောင်း ကျိုဒိုသတင်းက ဖော်ပြသည်။

ပင်တဂွန်မှ စေလွှတ်ထားသည့် အမေရိကန် ဗုံးကြဲလေယာဉ်များ စစ်အခြေစိုက်စခန်းရှိနေပြီး လူပေါင်း ၁၆၀၀၀၀ နီးပါး နေထိုင်လျက်ရှိရာ ပစိဖိတ်ပိုင်နက် ဂူအမ်ကျွန်းကို ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ရန် စီစဉ်နေသည်ဟု သြဂုတ် ၁၀ ရက်တွင် မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်ထားခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက အသေးစိတ်ထားသော အဆိုပါ အစီအစဉ်တွင် တာလတ်၊ တာဝေးပစ် Hwasong 12 ဒုံးကျည် လေးစင်းကို ဂျပန်နိုင်ငံ ရှီမာနီ၊ ဟီရိုရှီးမားနှင့် ကိုချီပြည်နယ်များ ပေါ်မှ ၁၈ မိနစ်နီးပါး ကြာချိန်ဖြင့် အကွာအဝေး ၃၃၅၆  ကီလိုမီတာသို့ ဖြတ်သန်းကာ ဂူအမ်ကျွန်း၏ ရေမိုင် ကီလိုမီတာ ၃၀၊ ၄၀ အတွင်းသို့ လှမ်းပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags