အခြေအနေများ တင်းမာပြီးနောက် နယ်စပ်မှ စစ်တပ်များ ပြန်ရုတ်သိမ်းရန် ကမ္ဘောဒီးယားနှင့် လာအို သဘောတူ

အခြေအနေများ တင်းမာပြီးနောက် နယ်စပ်မှ စစ်တပ်များ ပြန်ရုတ်သိမ်းရန် ကမ္ဘောဒီးယားနှင့် လာအို သဘောတူ

ဘန်ကောက်၊ သြဂုတ် ၁၂ ။                      ။ ကမ္ဘောဒီးယားသည် ၄င်း၏ ပိုင်နက်အတွင်း လာအိုစစ်တပ်က ကျုးကျော်နေသည်ဟု စွပ်စွဲလိုက်ပြီးနောက် နှစ်နိုင်ငံကြား နယ်စပ်မှ စစ်တပ်များ   ပြန်လည်ရုတ်သိမ်းရန် သြဂုတ် ၁၂ ရက်တွင် ကမ္ဘောဒီးယားအစိုးရနှင့် လာအိုအစိုးရတို့ သဘောတူခဲ့ကြသည်။

အိမ်နီးချင်း နှစ်နိုင်ငံကြား နယ်စပ်ရှိ စတွန်ထရန်း ပြည်နယ်တွင် လာအိုတပ်များ ရှိနေခြင်းဖြင့် အစိုင်အခဲ ဖွဲ့နေသော တင်းမာမှုများ လျော့ပါးရေးအအတွက် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က လာအိုမြို့တော် ဗီယက်ကျန်းသို့ ဝန်ကြီးချုပ် သွန်ဂလွန်စီဆိုလစ်ရှ်နှင့် သြဂုတ် ၁၂ ရက်တွင် လာရောက်တွေ့ဆုံသည်။

“ကမ္ဘောဒီးယား နယ်ထဲ ရောက်နေတဲ့ လာအိုတပ်တွေကို ရုတ်သိမ်းဖို့ ဒီနေ့(သြဂုတ် ၁၂ ရက်)မှာ လာအိုဖက်က သဘောတူလိုက်ပါတယ်။ ဒါကြောင့်ပဲ အဲဒီမှာ ဖြန့်ကြက်ထားတဲ့ ကမ္ဘောဒီးယားတပ်တွေ ကိုလည်း တပ်ပြန်ရုတ်မှာ ဖြစ်ပါတယ်။”ဟု ဟွန်ဆန်က တရားဝင်ဖေ့ဘုတ်ပေ့ချ်မှတစ်ဆင့် ထုတ်ပြန်သည်။

နယ်စပ်ကာကွယ်ရေး တပ်ကူအားဖြည့်ရန် ကမ္ဘောဒီးယားတပ်ဖွဲ့များ လိုက်ပါသော သံချပ်ကာစစ်ယာဉ်တန်းက ဖနွမ်းပင်မြို့တော်ကို ဖြတ်ကာ မောင်းနှင်သွားသည်ကို ယခင်က တွေ့ရှိထားခဲ့သည်။

ယခုကဲ့သို့ နှစ်နိုင်ငံ သဘောတူညီမှု ရရှိပြီးနောက် ဧပြီလမှ စပြီး နယ်စပ်တွင် ဖြန့်ကြက်ထားသည့် ကမ္ဘောဒီးယားတပ်အင်အား ၃၀ ကို သြဂုတ် ၁၇ ရက်မကုန်မီ တပ်ပြန်ရုတ်ရန် အမိန့်ထုတ်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags