ဝေဖန်မှုများနှင့် စတာလင်း မထိုက်တန်ဟု မန်စီးတီးနည်းပြပယ် လီဂရီနီပြော

ဝေဖန်မှုများနှင့် စတာလင်း မထိုက်တန်ဟု မန်စီးတီးနည်းပြပယ် လီဂရီနီပြော

သြဂုတ် ၁၀၊ မန်ချက်စတာ ။     ။ ကစားသမားသစ် စတာလင်းအနေဖြင့် လီဗာပူးလ်မှပြောင်းရွှေ့လာသည့်အပေါ် ဝေဖန်ခံနေရမှုများနှင့် မထိုက်တန်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီ ကပြောဆိုလိုက် သည်။ အသက် ၂၀ အရွယ်ရှိစတာလင်းသည် မန်စီးတီးသို့ ပေါင် ၄၉ သန်းဖြင့်ပြောင်းရွှေ့လာခြင်းမှာ ဗြိတိန်ဈေးအကြီးဆုံးအပြောင်းအရွှေ့ဖြစ် လာခဲ့သည်။

"သူသိပ်ကိုအခြေကျတဲ့အနေအထားမှာရှိနေပါတယ်။ သူဒီကိုလာချင်ခဲ့ပြီး စိန်ခေါ်မှုအသစ်တွေကိုလည်း ရင်ဆိုင်ချင်နေပါတယ်"ဟု ပယ်လီဂရီ နီက ပြောသည်။ မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် တနင်္လာနေ့တွင် ဝက်စ်ဘရွန်းအသင်းနှင့်ကစားရမည်ဖြစ်သည်။ စတာလင်းသည် မန်စီးတီးသို့မပြောင်းမီတွင် လီဗာပူးလ်အသင်း၏ သြစတြေးလျရာသီကြို ခရီးစဉ်သို့မလိုက်လို ဟုပြောဆို ခဲ့သည်။

ယင်းနောက်တွင်လည်း လီဗာပူးလ်အသင်းနှင့် လေ့ကျင့်ခန်းနှစ်ရက်ပျက်ကွက်ခဲ့ပြီး နေမကောင်း၍ဟု သတင်းထုတ်ပြန်ပေးရန် အသင်းထံ တောင်းဆိုခဲ့သည်။ "သူသိပ်ကိုကြိုးစားနေပြီး အသင်းကောင်း တစ်သင်းမှာ ကစားသမားတစ်ယောက်အခြေကျဖို့ဆိုတာ သိပ်လွယ်ပါတယ်။ ကျွန်တော်တို့အသင်း အနေနဲ့ဒီနှစ်မှာ သိပ်ကိုအောင်မြင့်မယ့်ကစားသမားတစ်ယောက်ရထားပြီလို့ ထင်ပါတယ်"ဟု ပယ်လီဂရီနီက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly