H1N1 ကြောင့် ကြက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေသူများ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရ

H1N1 ကြောင့် ကြက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေသူများ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရ

မန္တလေး၊ သြဂုတ်၁၂ ။            ။ မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ချို့၌ H1N1ကြောင့်ဟုဆိုကာ ကြက်ဥ၊ ကြက်သား တင်ပို့ခြင်းများကို ပိတ်ပင်နေမှုများနှင့်ပတ်သက်၍ ကြက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေသူများ ဆုံးရှုံးမှုကြီးစွာ ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာနေသူရိန်က ပြောသည်။

ထိုသို့မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ ဆုံးရှုံးမှုကြံုတွေ့နေရခြင်းကို မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အနေဖြင့် အစိုးရအဖွဲ့ထံတင်ပြပြီး နိုင်ငံပိုင်မီဒီယာများကနေပြီး ကြက်ဥ၊ကြက်သား စားသုံးခြင်းနှင့် H1N1 နှင့် မသက်ဆိုင်ကြောင်းကြော်ငြာပေးရန်အတွက် တောင်ဆိုသွားရန် စီစဉ်လျှက်ရှိသည်ဟု သိရသည်။

"ကျွန်တော်တို့ မွေးမြူရေးလုပ်ငန်းရှင်အဖွဲ့ အနေနဲ့ အခုရှိနေတဲ့ အခက်အခဲတွေကို အစိုးရအဖွဲ့ကို တင်ပြပြီးတဲ့ အခါကျတော့ အစိုးရအဖွဲ့ကနေ တရားဝင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တရားဝင်မီဒီယာ သတင်းစာကနေ ဖြစ်ဖြစ်၊ မြန်မာ့အသံကနေဖြစ်ဖြစ် ဒီကြက်ဥ၊ကြက်သားစားသုံးမှုနဲ့ H1N1 သက်ဆိုင်မှုမရှိဘူးဆိုတဲ့ဟာလေးကို ကြော်ငြာပေးဖို့ တောင်းဆိုဖို့ စီစဉ်နေပါတယ်"ဟု   ဒေါက်တာ နေသူရိန်ကပြောသည်။

ဆက်လက်၍ ဒေါက်တာနေသူရိန်က"ဘာလို့ဒီလိုတောင်းဆိုရတာလဲဆိုတော့ အခုဖြစ်နေတာတွေက ဒေသန္တရအာဏာပိုင်တွေပေါ့နော်။ ဟိုနားကအမိန့်တစ်မျိုး၊ ဒီနားက အမိန့်တစ်မျိုး၊ ဟိုနားကပိတ်၊ ဒီနားကပိတ် အမျိုးစုံဖြစ်လာတဲ့အပေါ်မှာ ကျွန်တော်တို့ ပြည်ထောင်စုအဆင့်ကနေပြီးတော့ ဒီဟာတွေက လွဲမှားနေတယ်။ ပေါ်လစီအမှန်က ဒီလိုဆိုတာကို ပြစေချင်ပါတယ်။ မပြခဲ့ဘူးဆိုရင် ကြက်မွေးမြူရေးရဲ့ဆုံးရှုံးမှု၊ လူတွေအတွက် အသားစားသုံးမှုဆုံးရှုံးမှုက တော်တော်များများထိခိုက်သွားမှာမို့ ကျွန်တော်တို့ တောင်းဆိုဖို့ စီစဉ်တာပါ။"ဟု ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွက် ကြက်ဥ၊ကြက်သားဆုံးရှုံးမှုမှာ တစ်ရက်ကို ကျပ်သိန်း ရှစ်ထောင်ကျော်ရှိကြောင်း ဒေါက်တာနေသူရိန်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags