လက်ရွေးစင်ဖူဆယ်အသင်းကို ပံ့ပိုးမှုများအားနည်းသည်ဟု နည်းပြချုပ်ငြီးတွား

လက်ရွေးစင်ဖူဆယ်အသင်းကို ပံ့ပိုးမှုများအားနည်းသည်ဟု နည်းပြချုပ်ငြီးတွား

သြဂုတ် ၁၂၊ ရန်ကုန်။            ။ ၂၀၁၇ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းကို ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပံ့ပိုးကူညီမှုများအားနည်းနေသည်ဟု အီရန်လူမျိုးနည်းပြချုပ် ရီဇာ က ငြီးတွားပြောဆိုခဲ့သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းမှာ ဆီးဂိမ်းတွင်အောင်မြင်မှုရရန်အတွက် ပြင်ဆင်လေ့ကျင့်မှုများပြုလုပ်နေသော်လည်း ပြိုင်ပွဲမတိုင်မီ နိုင်ငံလက်ရွေးစင်အသင်းနှင့်ခြေစမ်းခွင့်မရခြင်း ကိုလည်း နည်းပြချုပ်က ဝေဖန်ပြောဆိုခဲ့သည်။ ကျွန်တော်တို့အသင်းကို အဖွဲ့ချုပ်က ဘယ်သူမှလာမကြည့်ဘူး။ ကစားသမားတွေတောင် ကစားကွင်းကအဆောင်မှာနေပြီးစုစည်းလေ့ကျင့်နေရတယ်။ ဘောလုံးထက်စာရင် ဖူဆယ်အသင်းကို ပံ့ပိုးပေးတာက အများကြီးကွာပါတယ်။ လစာ၊ လေ့ကျင့်ရေးပစ္စည်း၊ အနေအထိုင်၊ အစားအသောက် အားလုံးဘာမှကိုမဆိုင်ပါဘူး ဟု နည်းပြချုပ် ရီဇာ က ပြောသည်။

မြန်မာဖူဆယ်အသင်းမှာ ၂၀၁၇ဆီးဂိမ်းတွင် အိမ်ရှင်မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အသင်းများနှင့် ပတ်လည်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရမှတ်အပေါ်မူတည်ကာ ရွှေ၊ငွေ၊ကြေးဆုတံဆိပ် ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly