မန္တလေးတိုင်းအတွင်း စပါးနှင့် ငါး တွဲစိုက်ပျိုးမှု အောင်မြင်မှုမရှိသေး

မန္တလေးတိုင်းအတွင်း စပါးနှင့် ငါး တွဲစိုက်ပျိုးမှု အောင်မြင်မှုမရှိသေး

မန္တလေး၊ သြဂုတ် ၁၂ ။           ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်တောင်သူများ ဝင်ငွေအပိုးရစေရန်အတွက် စပါးနှင့်ငါး တွဲ၍ စိုက်ပျိုးရာတွင် အများစုမှာ ဆည်ရေသောက် လယ်မြေများဖြစ်ခြင်းကြောင့် အောင်မြင်မှုမရှိကြောင်း တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှဝင်းက ပြောသည်။

"အများစုက ဆည်ရေသောက်ဖြစ်နေတော့ မအောင်မြင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီက လယ်သမားက ရေကိုလိုတဲ့အချိန် သွင်းလိုက်တယ်။ မလိုတဲ့အချိန် ရေကို အကုန်ပြန်ထုတ်လိုက်တော့ အဲဒါနည်းနည်းပြဿနာရှိတယ်"ဟု ဦးလှဝင်းကပြောသည်။

ထိုသို့စပါးနှင့်တွဲ၍ စိုက်ပျိုးလုပ်ကိုင်ခြင်းသည် မိုးရေကို အားကိုးသည့် အောက်ပိုင်းဒေသများတွင် အောင်မြင်မှုများရှိကြောင်း ဦးလှဝင်းက ဆိုသည်။

"အောက်မြန်မာပြည်မှာကျတော့ ရေတော်မိုးတော်ပေါ့။ မိုးရေကို အားကိုတဲ့နေရာတွေကြတော့ ရေကိုလှောင်ထားသလိုဖြစ်တော့ လယ်ကွင်းတာ ငါးမွေးတာ အောင်မြင်ပါတယ်။ တအားအဆင်ပြေပါတယ် စပါးခင်းမှာငါးမွေးတာ။ ရည်ရွက်ချက်ကိုက ဒီအထဲကိုထည့်လိုက်ရင် ငါးရဲ့အစာ သမန်းတိုးတာပေါ့နော်။ အစာရှာတဲ့ဟာ သမန်းတိုးခြင်းအားဖြင့် ငါးရဲ့အညစ်အကြေးက မြေသြဇာပြန်ဖြစ်တယ်။ အဲဒီတော့ ငါးက စားတဲ့အတွက်ကြောင့် ရည်ရွက်ချက်တွေနဲ့ ဒါလုပ်တယ်။ လယ်သမားက စပါးအပြင် ငါးကိုလည်း ရနိုင်တာပေါ့။"ဟု ဦးလှဝင်းကပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် အများစုက ဆည်ရေသောက်ဖြစ်နေခြင်းကြောင့် စိုက်ပျိုးချိန်မှသာ ရေသွင်းကြခြင်းနှင့်စိုက်ပျိုးပြီးချိန်၌ ရေပြန်ထုတ် အခြောက်ပြန်ခံခြင်းများကြောင့် မအောင်မြင်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း စပါးနှင့်ငါးတွဲ၍ စိုက်ပျိုးမွေးမြူရန် စိတ်ဝင်စားပါကလည်း ငါးမျိုးများ ထည့်ပေးမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly