မိုးညှင်း သြဂုတ်လ ၁၁ ။ ။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့အောင်သပြေရပ်ကွက်ရှိ စိန်ပညာရေးစခန်းတွင် အသက် ၁၆ နှစ်အရွယ် ကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီးနောက် သွေးလွန်တုပ်ကွေးဖြစ်ပွားခဲ့သည့် စာသင်စခန်းသို့ ကချင်ပြည်နယ်၊ ဝန်ကြီးချုပ်၏ ဇနီးနှင့်အဖွဲ့ သြဂုတ်လ ၁၁ ရက်က လာရောက်ပညာပေး ဟောပြောခဲ့သည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားခဲ့သည့် စိန်ပညာရေးစခန်းသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာ ဒေါ်ဂျေကော့ဘူ ဦးဆောင်သည့် အဖွဲ့က လာရောက်၍ ပညာပေးဟောပြောခဲ့ခြင်း ဖြစ်သည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားသူ အသက် ၁၆ နှစ်ရှိ (၁၀)တန်းကျောင်းသူ မဇင်မာလွင်သည် ဇူလှိုင်လ ၁၇ ရက်၊ မနက် ၉ နာရီအချိန်က သေဆုံးသွားခဲ့သည်ဟု မိုးညှင်းကုတင် ၁၀၀ဆံ့ ဆေးရုံမှ သိရသည်။
အဆိုပါဖြစ်စဉ်မျိုးအား ကာကွယ်ထိန်းချုပ်နိုင်ရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာ ဒေါ်ဂျေကော့ဘူနှင့် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် lပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းလွင်တို့အဖွဲ့သည် သွေးလွန်တုပ်ကွေးlရာသီတုပ်ကွေး A( H1N1) ရောဂါအကြေ
ာင်း အသိပညာပေးဟောပြောပွဲများ စဉ်ဆက်မပြတ်ပြုလုပ်နေပြီး သြဂုတ်လ ၁၁ ရက်တွင် မိုးညှင်းမြို့ စိမ်းလဲ့ရတနာခန်းမ၌ အဆိုပါရောဂါများ ကာကွယ်ထိန်းချုပ်ရေး အသိပေးရှင်းလင်းပွဲ ပြုလုပ်ခဲ့ကာ အခင်းဖြစ်ပညာရေးစခန်းသို့ သွားရောက်ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ ပညာပေးဟော
ပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းသူအား ရောဂါ ဖြစ်လျှင်ဖြစ်ချင်း မိုးညှင်းမြို့၊ အောင်ကိုယ်ပိုင်ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ သည် ဟု စခန်းအုပ်ချုပ်သူ ဆရာဦးစိုးချန့်က ပြောသည်။
“ကလေးနာမည်က ဇင်မာလွင်ပါ။ သွေးလွန်တုပ်ကွေးနဲ့ မနှစ်က တပ်မတော်ဆေးရုံမှာ ရက် ၅၀ ကြာ ဆေးကုသမှု ခံဖူးပါတယ်။ မနှစ်က ဖြစ်တော့လည်း ဇူလှိုင် ၁၂၊ ၁၃ ရက်မှာပဲ။ ဒီနှစ်လည်း ဒီရက်တွေမှာပဲ သွားဖြစ်တယ်။ ၁၂ ရက်နေ့က စဖြစ်တယ်။ ၁၃ ရက်နေ့မှာ အောင်ဆေးရုံကို ပို့တော့ ဆေးရုံက ဆေးရုံကြီးကို ပို့ခိုင်းတယ်။ ဆေးရုံမှာ ဆေးပစ္စည်းတွေရော ဆေးပါအကုန်ရတယ်။ ဆရာဝန် အားလုံးကလည်း ကြိုးစားပီး ကုကြပါတယ်'' ဟု ဆရာဦးစိုးချန့်က ဆိုသည်။
ယနေ့ သြဂုတ်လ ၁၂ ရက်အထိ ကချင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြင့် သေဆုံးသူ ရ ဦး ရှိပြီး ဖြစ်သည်ဟု လူမှုရေးဝန်ကြီးထံမှ သိရသည်။