အမေရိကန်နှင့် မဟာမိတ်များအပေါ် ကျုးလွန်ခဲ့လျှင် နောင်တရလိမ့်မည်ဟု ကင်ဂျုံးအွန်ကို ထရမ့် သတိပေး

အမေရိကန်နှင့် မဟာမိတ်များအပေါ် ကျုးလွန်ခဲ့လျှင် နောင်တရလိမ့်မည်ဟု ကင်ဂျုံးအွန်ကို ထရမ့် သတိပေး

ဝါရှင်တန်ဒီစီ၊ သြဂုတ် ၁၂ ။           ။ အမေရိကန်နှင့် ၄င်းပိုင်နက်များ၊ ၄င်း၏ မဟာမိတ်များအပေါ် မည်သည့် ကျုးလွန်မှုမျှ မလုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်အား အမေရိကန်သမ္မတ   ဒေါ်နယ်ထထရမ့်က သတိပေးလိုက်သည်။

ကင်ဂျုံးအွန်အနေဖြင့် ကျူးလွန်လိုက်မိပြီဆိုပါက ယင်းလုပ်ရပ်အတွက် နောင်တရလိမ့်မှာ ဖြစ်သည်ဟု ထရမ့်က သတိပေးလိုက်ခြင်းဖြစ်သည်။

ဝါရှင်တန်အနေဖြင့် စစ်ရေးလမ်းကြောင်းကို ရွေးချယ်ရမည်ကို အလွန်သတိထား နေကြောင်း၊ ပြီးခဲ့သည့်ရက်များအတွင်း မိမိ ပြောထားသည့် စကားများက ကင်ဂျုံးအွန်၏ ခေါင်းထဲ   ရောက်လိမ့်မည်   မျှော်လင့်ကြောင်းနှင့် အမေရိကန်စစ်တပ်က စစ်ရေးအသင့်ရှိနေကြောင်းလည်း ထရမ့်က ပြောသည်။

မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန် ပစိဖိတ်ပိုင်နက် ဂူအမ်ကျွန်းကို ဒုံးကျည် ပစ်လွှတ်ရန် အသင့်ပြင်နေကြောင်း ပြောထားသည်။

“သူတို့ဖက်က ကျွန်တော် ပြောတာကို အပြည့်အဝ နားလည်လိမ့်မယ်။ ကျွန်တော် စကားရဲ့ ဆိုလိုချက်ကို သိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”ဟု ထရမ့်က သတင်းထောက်များအား ပြောသည်။

“တကယ်လို့ ဂူအမ်ကျွန်း ဒါမှမဟုတ် အခြားနေရာ၊ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ နယ်တွေကို ကင်ဂျုံးအွန်က ပစ်မှတ်ထားလိုက်ပြီဆိုရင်တော့ နောင်တရတော့မှာဖြစ်တယ်။ မနှေးအမြန်ပဲ သူ့အတွက် ဝမ်းနည်းစရာ ဖြစ်လာပါလိမ့်မယ်။”ဟု ထရမ့်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required