နေမာရဲ့ စာချုပ်လျော်ကြေး ပီအက်စ်ဂျီထံမှ ဘာစီလိုနာ လက်ခံရရှိ၊ ယခုတပတ်မှာ ဂူအင်ဂမ့်နဲ့ပွဲကို ကစားနိုင်မည်

နေမာရဲ့ စာချုပ်လျော်ကြေး ပီအက်စ်ဂျီထံမှ ဘာစီလိုနာ လက်ခံရရှိ၊ ယခုတပတ်မှာ ဂူအင်ဂမ့်နဲ့ပွဲကို ကစားနိုင်မည်
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်းဟာ နေမာရဲ့ စာချုပ်လျော်ကြေး ယူရို ၂၂၂ သန်း (ဒေါ်လာ ၂၆၁ သန်း) ရရှိခဲ့ကြောင်း သောကြာနေ့က အတည်ပြုခဲ့ပြီးနောက် ကစားသမားဟာ တနင်္ဂနွေနေ့မှာ ဂူအင်ဂမ့်နဲ့ပွဲကို ပီအက်စ်ဂျီအသင်းအတွက် ဝင်ရောက်ကစားနိုင်တော့မှာဖြစ်ပါတယ်။

"ချက်ငွေလက်မှတ်ဟာ ရှင်းရှင်းလင်းလင်းဖြစ်လာခဲ့ပြီး ဒါ့ကြောင့် အပြောင်းအရွှေ့ အစီအစဉ်ကို ဆက်လက်သွားလို့ရပြီဖြစ်ကြောင်း" ဘာစီလိုနာကလပ် ရင်းမြစ်တစ်ခုက ဆိုပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF)နှင့် ပြင်သစ်လိဂ် (LFP) တို့က ကစားသမားရဲ့ အပြောင်းအရွှေ့ အသိအမှတ်ပြုလက်မှတ်ကို စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF)ထံမှ လက်ခံရရှိခဲ့ကြောင်း သောကြာနေ့က AFP ကို အတည်ပြုပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် ဂူအင်ဂမ့်နဲ့ပွဲအတွက် နေမာကို မှတ်ပုံတင်ခွင့်ရရှိမှာဖြစ်ပါတယ်။

့"နေမာရဲ့ စာချုပ်ကို မွန်းလွဲပိုင်းမှာ အတည်ပြုပါလိမ့်မယ်။ သူဟာ တနင်္ဂနွေမှာ ကစားနိုင်ပါလိမ့်မယ်။"လို့ LFP က ဆိုပါတယ်။

နေမာရဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို သြဂုတ်လ ၃ ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့စျေးအကြီးဆုံးဘောလုံးသမား ဘရာဇီးတိုက်စစ်မှူး နေမာဟာ ၎င်းရဲ့ လိုအပ်တဲ့စာရွက်စာတမ်းကို အချိန်မီ မှတ်ပုံတင်သွင်းရန် ပျက်ကွက်ခဲ့ပြီးနောက် ပြီးခဲ့တပတ်က ပီအက်စ်ဂျီအသင်က အာမီယန်စ်ကို ၂-၀ နဲ့ နိုင်တဲ့ပွဲကို လွှဲချော်ခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ အသင်းသစ်နဲ့အတူ ၄ ကြိမ်မြောက် လေ့ကျင်ခန်းအစီအစဉ်မှာ ပါဝင်ခဲ့ပြီးဖြစ်ပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags