အီဂျစ်နိုင်ငံ မြောက်ပိုင်းမှာ ရထားနှစ်စင်းတိုက်မိပြီး လူ ၃၆ ဦးထက်မနည်း သေဆုံး

အီဂျစ်နိုင်ငံ မြောက်ပိုင်းမှာ ရထားနှစ်စင်းတိုက်မိပြီး လူ ၃၆ ဦးထက်မနည်း သေဆုံး

အီဂျစ်နိုင်ငံရဲ့ မြောက်ပိုင်းကမ်းရိုးတန်းအနီးမှာ ခရီးသည်တင် ရထားနှစ်စင်း တိုက်မိခဲ့မှုကြောင့် လူ ၃၆ ဦးထက်မနည်း သေဆုံးပြီး ၁၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန Mena ဖော်ပြခဲ့ပါတယ်။

ရထားတစ်စင်းက ကိုင်ရိုင်မြို့မှ ခုတ်မောင်းလာခဲ့ပြီး အခြားတစ်စင်းဟာ ပို့ဆတ်ဒ်မြို့ကနေ ထွက်ခွာလာခဲ့ကာ  အီဂျစ်မြောက်ပိုင်း ကမ်းရိုးတန်းမြို့ အလက်ဇန်ဒရာမှာ တိုက်မိခဲ့ကြတယ်လို့က Mena အရ သိရပါတယ်။

ရထားတိုက်မှုဖြစ်ရတဲ့ ဖြစ်စဉ်အကြောင်းရင်းကို မသိရသေးဘူးလို့ ဆိုထားပြီး  ရထားနှစ်စင်းဟာ သြဂုတ် ၁၁ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းက တိုက်မိခဲ့ကြတာ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေကို လူနာတင်ကား အစီးရေ ရ၅ စီးနဲ့ အလက်ဇန်ဒရာမြို့ရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြေခွင့်ရသူ Khaled Mujahid က ပြောပါတယ်။

အီဂျစ်မှာ အဆိုးရွားဆုံးနှင့် လူသေဆုံးမှုအများဆုံး ရထားလမ်းမတော်တဆမှုအဖြစ် ၂၀၀၂ ခုနှစ်က  ရထားတစ်စင်းနှင့် ကျောင်းဘတ်စ်ကားတစ်စီးတို့ အာစွတ်တောင်းပိုင်းမှာ တိုက်မိခဲ့ပြီး လူ ၅၁ ဦး သေဆုံးကာ အများစုမှာ ကလေးငယ်များဖြစ်ကြပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required