ရှုံးနိမ့်မှုဒဏ်မှ အလွယ်တကူပြန်လည်နိုးထရလိမ့်မည်ဟု အာဆင်နယ်နည်းပြ ဝင်းဂါးပြော

ရှုံးနိမ့်မှုဒဏ်မှ အလွယ်တကူပြန်လည်နိုးထရလိမ့်မည်ဟု အာဆင်နယ်နည်းပြ ဝင်းဂါးပြော

သြဂုတ် ၁၀၊ လန်ဒန် ။        ။ အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ဝက်စ်ဟမ်းကိုရှုံးခဲ့ ရသည့်အရှုံးဒဏ်မှ ပြန်လည်နိုးထရလိမ့်မည်ဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး ကပြောသည်။

တနင်္ဂနွေနေ့ကအိမ်ကွင်း၌ ကစားခဲ့သောယင်းပွဲတွင် အာဆင်နယ်အသင်းသည် ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းနှင့် ဂိုးကန်သွင်းခွင့် ၂၂ ကြိမ်ရခဲ့သော်လည်း ၂-၀ ဂိုးဖြင့်အရေးနိမ့်ခဲ့ရသည်။

"အဲဒီဖြစ်ရပ်ကို တုန့်ပြန်ရလိမ့်မယ်။ ကစားသမားတွေအနေနဲ့ သိပ်ကိုနိုးကြားရမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဖိအားအရမ်းပေးရမယ်။ ဒီနေ့ စိတ်ဓါတ်ပိုင်းထိခိုက်ခဲ့ရတာဟာ ပြန်လည်တုန့်ပြန်ဖို့အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်"ဟု အာစင်ဝင်းဂါးကပြောကြားခဲ့ပြီး "ကျွန်တော်တို့တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းပါအားရစရာမကောင်းခဲ့ဘူး။

ဒီပွဲကခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်"ဟု ဖြည့်စွက်ပြောဆိုသည်။ ပြီးခဲ့သည့်ရာသီက တတိယရခဲ့သော အာစင်ဝင်းဂါး၏ အာဆင်နယ်အသင်းမှာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်းတွင် ချယ်လ်ဆီးဂိုး သမား ပီတာချက်တစ်ဦးတည်းကိုသာ ခေါ်ယူထားခဲ့ရာ ကစားသမားသစ်ထပ်ခေါ်ရန် ဖိအားနှင့်ရင်ဆိုင်နေရသည်။

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘင်ဇီမာသည် အာဆင်နယ်အသင်း၏ပစ်မှတ်ဖြစ်သည်ဟု သတင်းများကဖော်ပြနေသော်လည်း အသင်းက ခြောက်ကြိမ်သာဂိုးပေါက်ကန်ခွင့် ရသည့်စွမ်းဆောင် ရည်မျိုးဖြင့် ဆိုလျှင် ကစားသမားသစ်လည်းဘာမှမတတ်နိုင်ဟု အာစင်ဝင်းဂါးက ပြောဆိုထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly