အာဖဂန်အရှေ့ပိုင်း၌ အမေရိကန် လေကြောင်းထိုးစစ်တွင် မိသားစုတစ်စု၏ ကား ဗုံးထိမှန်ပြီး ၁၁ ဦးသေဆုံး

အာဖဂန်အရှေ့ပိုင်း၌ အမေရိကန် လေကြောင်းထိုးစစ်တွင် မိသားစုတစ်စု၏ ကား ဗုံးထိမှန်ပြီး ၁၁ ဦးသေဆုံး

ကဘူးလ်၊ သြဂုတ် ၁၁ ။             ။ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ထိုးစစ်ဆင်ခဲ့သော အမေရိကန် လေကြောင်းထိုးစစ်တစ်ရပ်၌ အရပ်သားများ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက သြဂုတ် ၁၁ ရက်တွင် ပြောရာ စစ်ပွဲဒဏ်သင့် နိုင်ငံတွင် ငြိမ်းချမ်းရေး ဖြစ်ထွန်းရေးကို တန့်စေသည့် ဖြစ်ရပ်လည်း ဖြစ်သည်။

နေတိုးက တရားဝင်အတည်ပြုခြင်း မရှိသော်လည်း အမေရိကန်တပ်ဖွဲ့များက ယင်းထိုးစစ်ကို ဆင်နွှဲခဲ့ခြင်း ဖြစ်သည်ဟု နန်ဂါဟာပြည်နယ် ဟာစကာမီနာခရိုင်အုပ်ချုပ်ရေးမှူး ဝါလီရှင်ဝါရီက ပြောသည်။

"သြဂုတ် ၁၀ ရက် နေ့လည်ပိုင်းမှာ ခရိုင်အတွင်း ကားမောင်းသွားနေတဲ့ အရပ်သားကိုယ်ပိုင်ယာဉ်တစ်စင်းကို အမေရိကန်တပ်တွေ ဗုံးကြဲမိတာပါ။"ဟု ၎င်းက အေအပ်ဖ်ပီသို့ ပြောသည်။

"စိတ်မကောင်းစရာပါ။ ဒီလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားတွေ ဖိတ်စင်ခဲ့ရတယ်။ ဆယ့်တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရတယ်။ ကလေးနဲ့ အမျိုးသမီးတွေပါတဲ့ မိသားစုတစ်စုရဲ့ ကားကို ဗုံးထိမှန်ခဲ့တာ ဖြစ်ပါတယ်။"

"သေဆုံးသူတွေဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာတောင် မသိရပါဘူး။ အလောင်းတွေကို အိတ်တွေနဲ့ ထည့်ပြီး ညပိုင်းမှာပဲ မြုပ်နှံသင်္ဂြိုဟ်လိုက်တာ ဖြစ်ပါတယ်။"ဟု ၎င်းက ပြောခဲ့သည်။

အာဖဂန်တွင် နိုင်ငံခြားတပ်အင်အား ၁၃၀၀၀ ရှိရာ အမေရိကန်ကပဲ လေကြောင်းထိုးစစ် ဆင်တတ်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required