ဖေ့ဘွတ်မှာ ပရိသတ် သောင်း ၂၀ ပြည့်ရင် အထူးဗီဒီယိုတင်မည့် မိုရီဆာကီဝင်းနဲ့ PrizmaX

ဖေ့ဘွတ်မှာ ပရိသတ် သောင်း ၂၀ ပြည့်ရင် အထူးဗီဒီယိုတင်မည့် မိုရီဆာကီဝင်းနဲ့ PrizmaX
Photo-PrizmaX

သြဂုတ် ၁၁ ။            ။ မြန်မာပြည်ပရိသတ်တွေ သည်းသည်းလှုပ်အားပေးတဲ့ မိုရီဆာကီဝင်းနဲ့ အဖွဲ့က မြန်မာပရိသတ်တွေကို ကျေးဇူး ကျေးဇူးတင်ကြောင်း ဗီဒီယိုတစ်ခု ဒီကနေ့ တင်ထားခဲ့ပါတယ်။

ဖေ့ဘွတ်ခ်မှာ 25 K Followers တွေ ရှိလာတဲ့အတွက် သူတို့အနေနဲ့ အရမ်းကို အံ့အားသင့်ရတယ်လို့ မိုရီဆာကီဝင်း ပါ၀င်တဲ့ PrizmaX အဖွဲ့က  ပြောထားတာပါ။ အခု ဖော်လိုဝါ သောင်းနဲ့ချီ ရှိလာတဲ့အတွက် မြန်မာပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

မြန်မာပြည် မပြန်ခင်တုန်းက ပရိသတ် ၂၃၀၀၀ ရှိပြီးတော့ အခုတော့ အားပေးတဲ့ပရိသတ် ၁၁ သောင်းရှိလာတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့ မိုရီဆာကီဝင်းက ပြောသွားပါတယ်။

ဒါ့အပြင် ဖေ့ဘွတ်ခ်မှာ Followers သောင်း ၂၀ ပြည့်ခဲ့ရင် အထူးဗီဒီယိုတစ်ခု တင်ဖို့လည်းရှိပါတယ်တဲ့။

“ သောင်း ၂၀ ပြည့်သွားရင် ဒီထက်ပိုတဲ့ စပယ်ရှယ် Movie တစ်ခု တင်ဖို့ ရှိပါတယ်။ ရှေ့ဆက်အားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ အဝင်းလို့ အားလုံးက ခေါ်ကြတဲ့ မိုရီဆာကီဝင်းက ပြောသွားပါတယ်။

မိုရီဆာကီဝင်းက လက်ရှိမှာလည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲ လုပ်ဖို့ရှိတဲ့အပြင် ဇာတိမြေ( My Country My Home) ရုပ်ရှင်ကားကို  မြန်မာပြည်ပြန်လာပြီးရိုက်ကူးဖို့ရှိနေပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly