H1N1​ဖြစ်ပွားသူများ ​နေ့စဉ်​တွေ့ရှိနေ​ဆဲဖြစ်

H1N1​ဖြစ်ပွားသူများ ​နေ့စဉ်​တွေ့ရှိနေ​ဆဲဖြစ်
H1N1 ကာကွယ်ရန် နှာခေါင်စည်း တပ်ဆင်ထားသူများကို တွေ့ရစဉ်။ ဓာတ်ပုံ-သူရ

ရန်​ကုန်​၊သြဂုတ်​၁၁ ။            ။ ဇူလိုင်လ ၂၁ ရက်မှ ယနေ့အထိ ရာသီတုပ်ကွေး​ရောဂါ H1N1ပိုး​​တွေ့ရှိသူများမှာ ​နေ့စဉ်​တွေ့ရှိ​နေ​ကြောင်​း ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာန၏ ထုတ်​ပြန်​ချက်​များအရ တွေ့ရှိရသည်​။

သြဂုတ်​လ ၁၀ ရက်​​နေ့လည်​၂ နာရီအထိ သံသယရှိလူနာများအနက် ၁၁ ဦး ထပ်မံအတည်ပြုနိုင်ခဲ့ပြီးနောက် ဖြစ်ပွားသူ ၁၄၉ ဦးအထိ ရှိလာသည်။ လက်ရှိတွင် သေဆုံးသူ ၂၀ ဦးအထိ ရှိလာပြီး ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ရာသီတုပ်ကွေးဟုသာ ထုတ်ပြန်ထားသေးသည်။

သြဂုတ်​လအတွင်​း သြဂုတ်​(၁)ရက်​​နေ့တွင်​ (၁၄)ဦး၊ သြဂုတ်​(၂)ရက်​​နေ့တွင်​ (၂၃)ဦး၊ သြဂုတ်​(၃)ရက်​​နေ့တွင်​ (၁၁)ဦး၊ သြဂုတ်​လ(၄)ရက်​​နေ့တွင်​ (၂၂)ဦး၊ သြဂုတ်​လ(၅)ရက်​​နေ့တွင်​ (၄)ဦး၊ သြဂုတ်​လ (၆)ရက်​​နေ့တွင်​ (၁၀)ဦး၊ သြဂုတ်​လ(၇)ရက်​​နေ့တွင်​ (၈)ဦး၊ သြဂုတ်​လ(၈)ရက်​​နေ့တွင်​ (၁၂)ဦး၊ သြဂုတ်​လ(၉)ရက်​​နေ့တွင်​ (၁၇)ဦး၊ သြဂုတ်​(၁၀)ရက်​​နေ့တွင်​ (၁၁)ဦးရှိ​ကြောင်​းတွေ့ရှိခဲ့ရသည်​။

အဆိုပါ H1N1 ဖြစ်ပွားနေကြောင်း  ကျန်​းမာ​ရေးနှင်​့ အားကစားဝန်​ကြီးဌာနမှ ဇူလိုင်လ ၂၄ ရက်တွင် စတင်သတင်းထုတ်ပြန်ခဲ့ပြီး ရက်သတ္တပတ် ၃ ပတ်နီးပါးတွင် ဖြစ်ပွားသူ ၁၂ ဦးမှ ၁၄၉ ဦးအထိ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required