အမေရိကန် သံအရာရှိတွေကို နှင်ထုတ်ခဲ့တဲ့အတွက် ပူတင်ကို ကျေးဇူးတောင် တင်မိသေးတယ်လို့ ထရမ့် ပြော

အမေရိကန် သံအရာရှိတွေကို နှင်ထုတ်ခဲ့တဲ့အတွက် ပူတင်ကို ကျေးဇူးတောင် တင်မိသေးတယ်လို့ ထရမ့် ပြော

သြဂုတ် ၁၁ ။             ။ မော်စကိုမှာ ရှိနေတဲ့ အမေရိကန်သံအရာရှိအရေအတွက်ကို လျှော့ချဖို့ ညွှန်ကြားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ရုရှ သမ္မတ ဗလာဒီမာပူတင်ကို ကျေးဇူးတောင် တင်မိသေးတယ်ဆိုပြီး ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။

ယခုလို ရုရှနိုင်ငံကနေ အမေရိကန်သံဝန်ထမ်းတစ်ချို့ကို ပြန်လည်နှင်ထုတ်ပြီး ၀န်ထမ်းအရေအတွက်ကို လျှော့ချဖို့ ညွှန်ကြားခဲ့တဲ့ ပူတင်ရဲ့ ဆုံးဖြတ်ချက်အပေါ် ကျေးဇူးတင်မိကြောင်း၊ ဒါဟာ မိမိတို့ရဲ့ ၀န်ထမ်းလစာပေးရတဲ့ အပိုင်းမှာတောင် စရိတ်သက်သာသွားစေနိုင်လို့ ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြောကြားသွားပါတယ်။

" ဒီကိစ္စနဲ့့ ပတ်သက်လို့ ပြောရရင် သူ့ကို ကျေးဇူးတင်လိုပါတယ်၊ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့အစိုးရအနေနဲ့ ၀န်ထမ်းလစာ ပေးချေနေရတဲ့ စရိတ်တွေများနေလို့ လျှော့ဖို့ လုပ်နေရတဲ့အချိန်မှာ ခုလိုဖြစ်သွားတော့ သာကောင်းသွားတာပေါ့၊  ခုဆိုရင် အဲဒီမှာ သံဝန်ထမ်းနည်းသွားတော့မှာ ဖြစ်တဲ့အတွက်ကြောင့် လစာစရိတ်စက သိပ်မများတော့ဘူးလေ" ဆိုပြီး ထရမ့်က ထုတ်ဖော်ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့လက ရုရှအပေါ် အရေးယူပိတ်ဆို့မယ့်ကိစ္စ အမေရိကန်တို့ဘက်က အတည်ပြုဆုံးဖြတ်နိုင်ခဲ့ပြီးနောက် ယင်းအပေါ် ပြန်လည်တုန့်ပြန်တဲ့အနေနဲ့  ရုရှသမ္မတပူတင်က မော်စကိုမှာ ရှိနေတဲ့ အမေရိကန် သံဝန်ထမ်းအရေအတွက် လျှော့ချဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required