ဦးကိုနီလုပ်ကြံခံရမှုမှာ ကြန့်ကြာနေ၍ သက်သေ ၁ဝ ဦးအထိတိုးပြီး စစ်ဆေးရန် အထူးခုံရုံးသို့ တင်ပြ

ဦးကိုနီလုပ်ကြံခံရမှုမှာ ကြန့်ကြာနေ၍ သက်သေ ၁ဝ ဦးအထိတိုးပြီး စစ်ဆေးရန် အထူးခုံရုံးသို့ တင်ပြ

ရန်ကုန်၊ သြဂုတ်လ ၁၁ ။           ။ ရှေ့နေဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး လူသတ်မှုအတွက် စစ်ဆေးရန် လိုပြသက်သေ အယောက် ၈ဝ ထိ ရှိသည့်အတွက် ရုံးချိန်းတစ်ချိန်းလျှင် လိုပြသက်သေ ၁ဝ ဦးခန့်ထိ တိုးပြီးစစ်ဆေးနိုင်ရန်အတွက် ယနေ့ သြဂုတ် လ ၁၁ ရက်၊ ရုံးချိန်းတွင် အထူးခုံရုံးသို့ အကြံပြုတင်ပြခဲ့ကြောင်း ကိုနေဝင်းမိသားစုဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

အဆိုပါ အမှုတွင် ဇွန်လ ရ ရက်နေ့၊ ရုံးချိန်းမှ စတင်ကာ လူသတ်မှုအတွက် လိုပြသက်သေများကို စစ်ဆေး နေခြင်းဖြစ်ပြီး ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ ရုံးချိန်းထိ လိုပြသက်သေ ၁၉ ဦးထိ စစ်ဆေးပြီးစီးခဲ့ပြီဖြစ်သည်။

ထိုသို့ ရုံးတော်တွင် လာရောက်ထွက်ဆိုခဲ့သည့် လိုပြသက်သေ ၁၉ ဦးမှာ ဦးကိုနီလုပ်ကြံခံရစဉ်က မြင်တွေ့ခဲ့ သော သက်သေများသာဖြစ်ပြီး ပူးပေါင်းကြံစည်မှုပုဒ်မဖြင့် စွဲဆိုခံထားရသည့် အောင်ဝင်းထွန်း၊ အောင်ဝင်းဇော် နှင့် ဇေယျာဖြိုးတို့ နှင့် ပတ်သက်၍ လာရောက်ထွက်ဆိုသည့် သက်သေများအလှည့်မရောက်ရှိသေးကြောင်း သိရသည်။

“ အမှုက ကြာလာပြီဗျ။ ၆ လလည်းကျော်လာပြီ။ နိုင်ငံတကာကလည်း ကျွန်တော်တို့ဆီကို မေးလာပြီ။ ကျွန် တော်တို့မှာ ရုံးရဲ့အနေအထားမှာ အခက်အခဲတွေဖြစ်လာတယ်။ ရုံးက တစ်နာရီနဲ့ မိနစ် ၂ဝ ဆိုပြီးပြီ။ ဒီအမှုနဲ့ ပတ်သက်လို့ ဘယ်အထက်အဖွဲ့ကမှ ဘယ်နှနာရီပဲ စစ်ရမယ်လို့ ကန့်သတ်ချက်မရှိဘူးလေ။ ဒါကြောင့် ဖြစ်နိုင် ရင်များများ ကျွန်တော်တို့ကတော့ တစ်ချိန်းကို ၁ဝ ယောက်လောက်ခေါ်စေချင်တယ်။ ဥပဒေအရာရှိက စီစဉ် ရမှာ။ ရုံးကလည်း ဆောင်ရွက်ပေးရမယ်။ ရုံးနဲ့ ဥပဒေအရာရှိဆောင်ရွက်နိုင်ဖို့အတွက် ဒီနေ့ ကျွန်တော် အကြံ ပြုပြီးတော့ တင်ပြလိုက်တာ”ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

လက်ရှိတွင် ရှေ့နေဦးကိုနီလုပ်ကြံခံခဲ့ရသည့်အမှုနှင့် ပတ်သက်ပြီး တရားရုံးမှ အမှုအားစစ်ဆေးနေမှု အခြေအ နေမှာ ကြန့်ကြာနေသည်ဟု ဝေဖန်မှုများလည်းရှိနေသည်။ ရုံးတော်တွင် အမှုစစ်ဆေးမှုအခြေအနေမှာ သေနတ်သမားကြည်လင်းတစ်ဦးတည်းနှင့်သာ စပ်ဆိုင်သည့် လူသတ်မှုအတွက် လိုပြသက်သေများကို စစ်ဆေးနေခြင်းဖြစ်ပြီး ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရာတွင် ပူးပေါင်း ပါဝင်ခဲ့သည်ဆိုသော ပူးပေါင်းကြံစည်မှုပုဒ်မ- ၃၄ နှင့်ပတ်သက်သည့် အောင်ဝင်းဇော်၊ အောင်ဝင်း ထွန်းနှင့် ဇေယျာဖြိုးတို့နှင့် စပ်ဆိုင်သည့် သက်သေများမှာ လာမည့် ရုံးချိန်းနှစ်ချိန်းခန့်မှသာ ပါဝင်လာနိုင် မည်ဖြစ်ကြောင်း စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် အထက်တန််းရှေ့နေ ဦးအောင်ခိုင်က ဆိုသည်။

“ အခုလို တရားရုံးက ၅ ယောက်လောက်ချိန်းပြီးစစ်ဆေးခဲ့တာဆိုတော့ နောက်တစ်ပတ်လည်း ၅ ယောက် ၆ ယောက်လောက်ချိန်းမယ်ဆိုရင်တော့ တကယ့်အရေးကြီးတဲ့ သက်သေလာတော့မှာပါ။ ရုံးချိန်းနှစ်ချိန်းလောက် ပြီးရင်တော့ လာမယ်လို့ ကျွန်တော်ထင်တယ်”ဟု ဦးအောင်ခိုင်က ပြောသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ယနေ့ သြဂုတ်လ ၁၁ ရက်တွင် သေနတ်သမားကြည်လင်းအပါအဝင် ၄ ဦးအား ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ၁၉ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ရှေ့နေဦးကိုနီ လုပ်ကြံခံရစဉ်က မြင်တွေ့ခဲ့ သော မျက်မြင်သက်သေ ၅ ဦးကို အထူးခုံရုံးတွင် စစ်ဆေးခဲ့သည်။

ထိုအမှုကို လာမည့် သြဂုတ်လ ၁၈ ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့ပြီး အဆိုပါရုံးချိန်းတွင်လည်း လူသတ်မှုအတွက် သေနတ်သမားကြည်လင်းအပါအဝင် ၄ ဦးနှင့် သက်ဆိုင်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃ဝ၂/၃၄/၂၁၂ အမှုအတွက် တရားလိုပြသက်သေများအား ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required