အဆိုတော်ခိုင်ထူး၏ အရိုးပြာကို အမှတ်တရအနေဖြင့် ဂူသွင်းထားမည်

အဆိုတော်ခိုင်ထူး၏ အရိုးပြာကို အမှတ်တရအနေဖြင့် ဂူသွင်းထားမည်
 ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်ကုန်၊ သြဂုတ် ၁၁ ။                 ။ အဆိုတော်ခိုင်ထူး၏ ရုပ်အလောင်းအား ယနေ့ မီးသဂြိုလ်ပြီး အရိုးပြာကို အမှတ်တရအနေဖြင့် ရေဝေး၌ ဂူသွင်းထားမည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုနှင့် ဂီတအသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုတော်ခိုင်ထူး၏ စျာပနကို ရေဝေးသုသာန်တွင် ယနေ့ သြဂုတ်လ ၁၁ ရက်၊ ညနေ ၄ နာရီ၌ ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ တစ်ခေတ်တစ်ခါက အဆိုတော်ခိုင်ထူးနှင့်တွဲဖက်တီးခတ်ခဲ့ကြသော ဂီတရောင်းရင်းများဖြစ်သော ကိုနေဝင်း၊ ကိုရဲလွင်၊ ကိုဇာလျန်း တို့ အပါအဝင် ခိုင်ထူး၏ ဂီတညီအစ်ကိုမောင်နှမများနှင့် ပရိသတ်များက လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ခိုင်ထူးရဲ့ကျန်ရစ်သူ ဇနီးဖြစ်သူက"မကျေနပ်ဘူး။ ယောကျာင်္းရေ ဘာတစ်ခုမှအဆင်သင့်မဖြစ်ခင် ငါ့ကိုထားခဲ့တယ်"ဟု အမှတ်တရစာတမ်းအား ခိုင်ထူးအတွက် ရေးသားခဲ့သည်ကို တွေ့ရသည်။

အဆိုတော်ခိုင်ထူးသည် တေးမြံုငှက်စီးရီးဖြင့် ၁၉၈၀နောက်ပိုင်းကာလများတွင် ပရိသတ်အားပေးမှုကို ရရှိလာခဲ့ပြီး ရွှေလည်တိုင်၊ ဆို၊ ခတ္တာ၊ အဝေးဆုံး စသည့်တေးသီချင်းများဖြင့် ယခုတိုင်ပရိတ်သတ်ရင်ထဲတွင် ကိုယ်ပိုင်သံစဉ်သီချင်းများဖြင့် နေရာယူထားနိုင်သည့် တေးသံရှင်တစ်ဦးလည်း ဖြစ်သည်။

သူ မကွယ်လွန်ခင်အထိ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနေအိမ်တွင်နေထိုင်သည့် အဆိုတော် ခိုင်ထူးသည် လွန်ခဲ့သည့်တစ်ပတ်ကျော်ခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ စတင်ဆေးကုသမှုခံယူခဲ့သည်။

၄င်းနောက် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိဆေးရုံတွင်ကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လာကာ သြဂုတ်လ ၉ ရက်နေ့၊ ညနေပိုင်းက ပါရမီဆေးရုံကြီးတွင် ပန်ကရိယကင်ဆာဖြင် ့ကွယ်လွန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly