ဟာသာဘာလင်အသင်း ဘတ်စ်ကားကို ဆိုင်ကယ်သမားက ပစ်ခတ်

ဟာသာဘာလင်အသင်း ဘတ်စ်ကားကို ဆိုင်ကယ်သမားက ပစ်ခတ်

သြဂုတ် ၁၀၊ ဘီလီဖီးလ် ။          ။ ဂျာမန်ဖလားပွဲစဉ်တစ်ပွဲကစားမည့်ညနေခင်းတွင် ဟာသာဘာလင်အသင်းပိုင် ဘတ်စ်ကားကို ဆိုင်ကယ်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ဂျာမနီအနောက်မြောက်ပိုင်းရှိ ဘီလီဖီးလ်တွင် မော်တော်ဆိုင်ကယ်သမားတစ်ဦးက ဘတ်စ်ကားကိုတိုက်ခိုက်ခဲ့ကြောင်းနှင့် တစ်ဦးတစ် ယောက်မှ ဒဏ်ရာရခဲ့ခြင်းမရှိဟု ဘွန်ဒက်စ်လီဂါကလပ် ဟာသာဘာလင်က ကြေညာခဲ့သည်။

ဟာသာဘာလင်အသင်းသည် တနင်္လာညတွင် ဒုတိယတန်းကလပ်အာမေးနီးယားဘီလီဖီးလ်အသင်းနှင့်ကစားရမည့် ဂျာမန်ဖလားပွဲစဉ်အ တွက် ဘီလီဖီးလ်မြို့အနီးသို့ရောက်ရှိနေခြင်းဖြစ်သည်။

ပစ်ခတ်ခံရစဉ် ကားပေါ်တွင် ယာဉ်မောင်းတစ်ဦးသာရှိနေပြီး ပစ်ခတ်မှုအတွက်ရဲ့အဖွဲ့မှ စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။ ကားသည် ဘီလီဖီးလ် ဘူတာတွင် ကစားသမားများကိုသွားကြိုရန် ဟိုတယ်မှ ထွက်ခွာလာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

မော်တော်ဆိုင်ကယ်သမားသည် သေနတ်ဖြင့်မပစ်မီ ဘတ်စ်ကားကိုကျော်တက်ကာ ယာဉ်မောင်းအားလက်သီးပြ၍ဦးစွာခြိမ်းခြောက်ခဲ့သည် ဟု ဟာသာဘာလင်အသင်းက ကြေညာခဲ့သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသည့် အပေါက်ဖြစ်သွားသည့်ကားရှေ့မှန်ကို ဟာသာဘာလင်အသင်းကပြသခဲ့သည်။ ဟာသာဘာလင်အသင်းအမှု ဆောင်ချုပ် မိုက်ကယ်ပရက်ဇ်က "ကျွန်တော်တို့တော်တော်လေး တုန်လှုပ်ခဲ့ရပြီး တရားခံကိုဖမ်းမိဖို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ယာဉ်မောင်လည်းထိတ်လန့်စရာဖြစ်ရပ်ကနေ ကံကောင်းထောက်မစွာလွတ်ကင်းခဲ့ပါတယ်"ဟု ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly