တေလာဆွစ်နှင့် ကေတီပယ်ရီတို့၏ ပြသနာထဲတွင် သူ့ကိုဆွဲမထည့်ကြရန် ကန်ဒရစ်လာမားတောင်းဆို

တေလာဆွစ်နှင့် ကေတီပယ်ရီတို့၏ ပြသနာထဲတွင် သူ့ကိုဆွဲမထည့်ကြရန် ကန်ဒရစ်လာမားတောင်းဆို

အမေရိကန်မှ နာမည်ကျော်ရက်ပ်အဆိုတော် ကန်ဒရစ်လာမားက မည်သည့်အတွက်ကြောင့်သူ့ကို တေလာဆွစ်နှင့် ကေတီပယ်ရီတို့၏ ပြသနာထဲ၌ ထည့်သွင်းပြောဆိုနေကြသည်ကို နားမလည်နိုင်တော့ ကြောင်း ပြောခဲ့သည်။

Rolling Stone နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် Damn သီချင်း၏ အဆိုတော်ဖြစ်သူက “ မသိပါဘူး။ ကျနော်လုံးဝကို သတိမထားမိလိုက်ပါဘူး။ ဒီကိစ္စက ကျနော်နဲ့မဆိုင်တာကြောင့် ကျနော်အမှုမထားမိပါဘူး” ဟု ကေတီပယ်ရီနှင့် တေလာဆွစ်တို့၏ ပြသနာနှင့် ပက်သက်၍ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ကေတီပယ်ရီကို စောင်းမြောင်းသီဆိုထားသည်ဟု နာမည်ကြီးသော တေလာဆွစ်၏ Bad Blood သီချင်းတွင် ကန်ဒရစ်လာမားသည် ရက်ပ်အပိုဒ်များ ပါ၀င်သီဆိုထားသည့်အတွက် ပရိသတ်များက သူ့ကို ထိုပြသနာထဲတွင် ထည့်သွင်း ပြောဆိုနေကြခြင်းဖြစ်သည်။

ထို Bad Blood သီချင်းနှင့်ပက်သက်ပြီး ရက်ပ်အဆိုတော်က “ ကျနော်ဒီကိစ္စတွေနဲ့ ခပ်ဝေးဝေးမှာပဲ နေချင်ပါ တယ်။ ဒီပြသနာတွေထဲကို ကျနော့်ကို ဆွဲမထည့်ကြပါနဲ့” ဟု ပြောခဲ့သည်။

ထိုအင်တာဗျူးထဲတွင် ကန်ဒရစ်သည် ဘီယွန်းစေး၊ ဒရိတ်ခ်တို့နှင့် ပက်သက်၍လည်း ပြောဆိုခဲ့သည်။

“ကျနော် ဒရိတ်ခ်ရဲ့ သီချင်းတွေအများကြီးကို ကြိုက်နှစ်သက်ပါတယ်။ သီချင်းနာမည် တစ်ခုချင်းစီကိုတောင် ပြောပြလို့မရပါဘူး။ သူ့မှာ သီချင်းကောင်းတွေ အများကြီးရှိပါတယ်” ဟု ကန်ဒရစ်က ဒရိတ်ခ်နှင့် ပက်သက်၍ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ဒါ့အပြင် ဘီယွန်းစေးနှင့် အလုပ်အတူတူ တွဲလုပ်ရသည့် ခံစားချက်ကို မေးမြန်းမှုနှင့် ပက်သက်ပြီး သူက “ သူမဟာ တကယ့်ကို စေ့စပ်သေချာသူပါ။ တကယ့်ကို ပြိုင်စံရှားတစ်ဦးပါပဲ။ ဒါကို BET ဆုပေးပွဲမှာ သူမ ဖျော်ဖြေခဲ့ပုံကိုကြည့်ပြီး ခင်ဗျားတို့သိနိုင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly