မြောက်ကိုရီးယားစစ်ပွဲသည် ကြီးမားသောကပ်ဘေးကြီးဖြစ်လာနိုင်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

မြောက်ကိုရီးယားစစ်ပွဲသည် ကြီးမားသောကပ်ဘေးကြီးဖြစ်လာနိုင်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

၀ါရှင်တန်၊ သြဂုတ် ၁၁ ။                         ။ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်က မြောက်ကိုရီးယားနိုင်ငံနှင့် စစ်မက်ဖြစ်ပွားခြင်းသည် ကြီးမား သော ကပ်ဘေးကြီးတစ်ခုကို   ဖြစ်ပေါ်လာစေနိုင်သောကြောင့် သံတမန်ရေးအရ ဖြေရှင်းနည်းကိုသာ ဦးစားပေး ဆောင်ရွက်နေကြောင်း ကြာသာပတေးနေ့က ပြောခဲ့သည်။

မက်တစ်က သူ၏ဆောင်ရွက်ရမည့် တာဝန်နှင့် ၀တ္တရားမှာ စစ်တပ်တစ်ခုကို အသင့်အနေထားဖြစ်အောင် ပြင်ဆင်ထားရန်ဖြစ်ကြောင်း ပြောခဲ့သော်လည်း လက်ရှိအချိန်တွင် အမေရိကန်အနေဖြင့် သံတမန်ရေးအရသာ မြောက်ကိုရီးယားအရေးကို ဖြေရှင်းနိုင်ရန်ကြိုးပမ်းနေကြောင်း ကယ်လီဖိုးနီးယား၌ ပြုလုပ်ခဲ့သော အခမ်းအနား တစ်ခု၌ အလေးပေးပြောကြားခဲ့သည်။

“အမေရိကန်တို့ရဲ့ ကြိုးပမ်းချက်ဟာ သံတမန်နည်းလမ်းဖြင့်သာ ဖြစ်ပါတယ်။ သံတမန်ရေးအရလည်း အကျိုး ရလာဒ်တွေ ရရှိလာပါတယ်။ ဒီအခြေအအနေလေးအတိုင်းပဲ ဖြစ်သွားစေချင်ပါတယ်” ဟု မက်တစ်က စစ်ပွဲကို ရှောင်ရှားလိုသည့် သဘောဖြင့် ပြောကြားခဲ့သည်။

“စစ်ပွဲရဲ့ အနိဌာရုံကိုလည်း အားလုံးကောင်းကောင်းကြီး သိထားကြပါတယ်။ စစ်ပွဲဟာ ကြီးမားတဲ့ကပ်ဘေး ကြီးကို ဖြစ်ပေါ်လာစေနိုင်တာကလွဲလို့ တခြားကောင်းတဲ့အရာတစ်ခုမှ ဖြစ်မလာနိုင်ပါဘူး” ဟု သူက ဖြည့်စွက် ပြောကြားခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်အပေါ် ခြိမ်းခြောက်မှုများ ထပ်မံပြုလုပ်နေပါ က သူ့အနေဖြင့်မီးကုန်ယမ်းကုန် တိုက်ခိုက်သွားမည်ဟု ပြောဆိုခဲ့သော သတိပေးချက်အား ပြံုယမ်းအစိုးရဘက် မှ မမှုသည့်ပုံစံမျိုးဖြင့် တုံ့ပြန်နေသောကြောင့် ထပ်မံ၍ သတိပေးခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် မက်တစ်က ယခုလိုမျိုး စစ်ပွဲကို အမေရိကန်တို့ဘက်မှ မလိုလားကြောင်း မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required