လူလုပ်ကျွန်းအနီး အမေရိကန်စစ်သင်္ဘော ခုတ်မောင်း၍ တရုတ် မကျေမချမ်းဖြစ်

လူလုပ်ကျွန်းအနီး အမေရိကန်စစ်သင်္ဘော ခုတ်မောင်း၍ တရုတ် မကျေမချမ်းဖြစ်

ပေကျင်း၊ သြဂုတ် ၁၁ ။                     ။ အငြင်းပွား တောင်တရုတ်ပင်လယ်က လူလုပ်ကျွန်းတစ်ခုအနီး အမေရိကန် ဖျက်သင်္ဘော ခုတ်မောင်းခဲ့၍ တရုတ်ရေတပ်က သတိပေးခဲ့ရကာ ယင်းဖြစ်ရပ်အပေါ်မကျေနပ်ကြောင်း သြဂုတ် ၁၁ ရက်တွင် တရုတ်ဖက်က အသံထုတ် ပြောလာခဲ့သည်။

USS John S.McCain ဖျက်သင်္ဘော၏ လုပ်ရပ်မှာ တရုတ်နှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး တရုတ်၏ အချုပ်အခြာနှင့် လုံခြံုရေးကို ထိပါးသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်ရှောင်းက ဆိုသည်။

"ဒီကိစ္စကို တရုတ်က လုံးလုံး မကျေနိုင်ပါ။"ဟု ကျန်ရှောင်က ထုတ်ပြန်ချက်တွင် ဆိုထားပြီး ဝါရှင်တန်အပေါ် ကန့်ကွက်ကြောင်း ပေကျင်းမှ တရားဝင်ပြောဆိုသွားမည်ဟု ဖြည့်စွက်ဆိုသည်။

USS John S.McCain ဖျက်သင်္ဘောသည် သြဂုတ် ၁၀ ရက်က တရုတ် တည်ဆောက်ထားသော Mischief Reef လူလုပ်ကျွန်းမှ ရေမိုင်ခြောက်မိုင်အတွင်း ခုတ်မောင်းခဲ့ခြင်းဖြစ်ကာ လွတ်လပ်သော   ရေကြောင်းကင်းတာဝန်ဖြစ်သည်ဟု အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောထားသည်။

USS John S.McCain ဖျက်သင်္ဘောထံသို့ တရုတ်ဖရီးဂိတ်စစ်သင်္ဘောတစ်စီးမှ ရေဒီယိုသတိပေးချက် ဆယ်ကြိမ်ထက်မနည်း ပို့ခဲ့ကြောင်း အမည်မဖော်သည့် အမေရိကန်တာဝန်ရှိသူ တစ်ဦးက   အေအက်ဖ်ပီသို့ ပြောသည်။

အဆိုပါ လူလုပ်ကျွန်းသည် တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများ အပြိုင်အဆိုင် ပိုင်ဆိုင်ကြောင်း ဆိုထားကြသည့် တောင်တရုတ်ပင်လယ်က အငြင်းပွား စပရတ်လီကျွန်းစုများမှ ကျွန်းတစ်ကျွန်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required