ဒမ်ဘီလီအတွက် ဘာစီလိုနာမှ ကမ်းလှမ်းမှု ဒေါ့မွန်အသင်း ပယ်ချ

ဒမ်ဘီလီအတွက် ဘာစီလိုနာမှ ကမ်းလှမ်းမှု ဒေါ့မွန်အသင်း ပယ်ချ
(ဓာတ်ပုံ - အီးပီအေ)

ဂျာမန်ကလပ် ဒေါ့မွန်အသင်းဟာ ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီအတွက် ဘာစီလိုနာမှ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း အသင်းက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

ကြာသတေးနေ့ အစောပိုင်းက လေ့ကျင့်ရေးအစီအစဉ်ကို လာရောက်ဖို့ ပျက်ကွက်ခဲ့တဲ့ ဒမ်ဘီလီဟာ ဘွန်ဒစ်လီဂါကလပ်နဲ့ သူ့ရဲ့ အနာဂတ်နှင့် ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။

"ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုဟာ ဘောလုံးနှင့်ပတ်သက်လို့ ကိုက်ညီမှု မရှိပါဘူး။ ကစားသမားရဲ့ လက်ရှိအနေအထားနှင့် စျေးကွက်မှာ ကိုင်ညီမှု မရှိတာကြောင့် ဒေါ့မွန်အသင်းဟာ ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။"လို့ ဒေါ့မွန်က ကြေညာချက်မှာ ရေးသားထားပါတယ်။

"ဘာစီလိုနာဘက်မှ အခြား ကမ်းလှမ်းလာမှု မရှိတာကြောင့် အပြောင်းအရွှေ့ဟာ ဖြစ်လာဖို့ မျှော်လင့်စရာမရှိသလို ယခုအချိန် အခိုက်အတန့်မှာ ဖြစ်နိုင်ချေမရှိပါဘူး"လို့ ကလပ်အသင်းက ပြောပါတယ်။

ကြာသပတေးနေ့က ဒမ်ဘီလီရဲ့ လေ့ကျင့်ခန်း ပျက်ကွက်မှုမှာ ကစားသမားဟာ ဘာစီလိုနာနှင့် ပူးပေါင်းခဲ့ပြီဖြစ်ကြောင်း ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့ပါတယ်။

ဒေ့ါမွန်အသင်းဟာ အသက် ၂၀ နှစ်ရှိ ဒမ်ဘီလီအတွက် ယူရိုသန်း ၁၂၀ အလိုရှိကြောင်း ဂျာမန်အားကစား မဂဇင်း Kicker ဖော်ပြခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required