ဥရောပ ကြက်ဥများ ပိုးသတ်ဆေးပါဝင်နေသည့် အရှုပ်တော်ပုံအား နယ်သာလန်နှင့် ဘယ်ဂျီယမ် ပူးပေါင်းဖြေရှင်း

ဥရောပ ကြက်ဥများ ပိုးသတ်ဆေးပါဝင်နေသည့် အရှုပ်တော်ပုံအား နယ်သာလန်နှင့် ဘယ်ဂျီယမ် ပူးပေါင်းဖြေရှင်း

အမ်စတာဒမ်၊ သြဂုတ် ၁၀ ။            ။ ကြက်ဥများတွင် ပိုးသတ်ဆေးများ ပါဝင်နေသည့် အရှုပ်တော်ပုံ ထွက်ပေါ်လာပြီးနောက် ဥရောပ ကြက်ဥများ ပိုးသတ်ဆေး ပါဝင်ခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာတွင် သြဂုတ် ၁၀ ရက်၌ နယ်သာလန်နှင့် ဘယ်ဂျီယမ်က စုံစမ်းစစ်ဆေးရေးအဖွဲ့များက အတူလက်တွဲကာ ဖြေရှင်းလျက်ရှိနေပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာမှ စတင်ပြီး ကြက်ဥများတွင် ပိုးသတ်ဆေးများ မကင်းသည်ကို နယ်သာလန်က သိရှိသော်လည်း ရေငုံနှုတ်ပိတ်နေခဲ့ကာ ပြီးခဲ့သည့် ဇူလိုင်လကမှ သတင်းအကြောင်းကြားခဲ့သည်ဟု ဘယ်ဂျီယမ်က စွပ်စွဲရာမှ ယခုကဲ့သို့ ပူးပေါင်းဖြေရှင်းလာရခြင်း ဖြစ်သည်။

"ဘယ်ဂျီယမ်ပါ ပူးပေါင်းပြီး နယ်သာလန်အတွင်းမှာ ရှာဖွေစီးနင်းမှု အချို့ကို လုပ်ဆောင်ကြပါတယ်။"ဟု နယ်သာလန်အစိုးရ တရားရေးဌာန ပြောခွင့်ရသူ မာရိတ်ဗန်ဒါမိုလန်က   အေအက်ဖ်ပီသို့ ပြောပြီး နောက်ထပ်အသေးစိတ် ပြောရန်ငြင်းသည်။

ယခုလ အစောပိုင်းက နယ်သာလန်နှင့် ဘယ်ဂျီယမ် တရားရေးတာဝန်ရှိသူများသည် အစားအစာ ဖြန့်ဖြူးမှုကွင်းဆက်တွင် လူ့ကျန်းမာရေးကို ထိခိုက်နိုင်သော fipronil ပိုးသတ်ဆေးများ မည်သို့ ပါဝင်ရောနှောနေသည်ကို စတင်စစ်ဆေးမှုများ ဆောင်ရွက်လာခဲ့ခြင်း ဖြစ်သည်။

ထိုကြက်ဥပိုးသတ်ဆေး အရှုပ်တော်ပုံက ဥရောပနိုင်ငံ ရှစ်နိုင်ငံအထိ ပျံ့နှံ့သွားခဲ့ပြီး အာဏာပိုင်များက ကြက်ဥသန်းပေါင်းများစွာကို ဖျက်ဆီးခိုင်းသည့် အမိန့်များ ထုတ်ခဲ့ရသကဲ့သို့ နိုင်ငံတစ်ချို့တွင် စူပါမားကတ်များ၌ ကြက်ဥများ တင်မရောင်းရန် အမိန့်ထုတ်ခဲ့ရခြင်းများ ရှိနေသည်။

Fipronil သည် တိရစ္ဆာန်များရှိ သန်းမွှားများကို သုတ်သင်ဖယ်ရှားရာတွင် ထည့်သွင်းအသုံးပြုသော တိရစ္ဆာန်သုံး ပိုးသတ်ဆေး ထုတ်ကုန်များတွင် ပါဝင်သည့် ဓာတ်တစ်မျိုးဖြစ်ပြီး ကြက်ဘဲကဲ့သို့ လူတို့စားသုံးမည့် တိရစ္ဆာန်များတွင် ယင်းဓာတ်အား အသုံးပြုခြင်းကို ဥရောပတွင် တားမြစ်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required