August လ အမှတ်တရညနေခင်းပွဲမှာ ခိုင်ထူးအမှတ်တရသီချင်းတွေ ဆိုမယ့် မွန်းအောင်

August လ အမှတ်တရညနေခင်းပွဲမှာ ခိုင်ထူးအမှတ်တရသီချင်းတွေ ဆိုမယ့် မွန်းအောင်

ရန်ကုန်၊ သြဂုတ်လ ၁၀ ။           ။ အဆိုတော် ခိုင်ထူးနဲ့ ၂ယောက်တွဲပြီး ဖျော်ဖြေပွဲတစ်ခု လုပ်ဖို့ ပြင်ဆင်နေတုန်းမှာပဲ ခိုင်ထူးဆုံးပါးသွားတာ ဖြစ်တယ်လို့ အဆိုတော် မွန်းအောင်က မဇ္စျိမကို ပြောပါတယ်။

"ကျွန်တော်တို ့ ပွဲလေးတစ်ပွဲ ခင်ဗျားနဲ ့ကျွန်တော်နဲ ့ အတူတူတွဲပြီးဆိုရအောင် ဆိုတော့ သူ သဘော တူတယ် ကျွန်တော်တို ့စဉ်းစားတာ နှစ်ယောက် ၂သံဆိုချင်ဆိုမယ် သူ ့သီချင်းဆိုမယ်။ ကျွန်တော့်သီချင်းဆိုမယ်။ အဲ လိုပေါ့။ အမှတ်တပွဲလေး ကျွန်တော် လုပ်ချင်တယ်ပေါ့"လို့ တေးဆို ကိုမွန်းအောင်က ပြောပါတယ်။

အဆိုတော် မွန်းအောင်အနေနဲ့ August လ အမှတ်တရညနေခင်း လို့ အမည်ပေးထားတဲ့ တကိုယ်တော်ရှိုးပွဲ တစ်ခု နိုဗိုတယ်ဟိုတယ်မှာ ကျင်းပဖို့လည်း ရှိနေပါတယ်။ ဒီရှိုးပွဲကျင်းပမယ့်နေ့ရက်ဟာ အဆိုတော်ခိုင်ထူးရဲ့ စျာပနနေ့ ရက်နဲ့ တိုက်ဆိုင်နေတာကိုလည်းတွေ့ရပါတယ်။ အဲဒီရှိုးပွဲမှာ ခိုင်ထူးရဲ့သီချင်းတွေ သီဆိုသွားမယ် လို့လည်း သိရပါတယ်။

"ကိုခိုင်ထူးရဲ  ့မိတ်ဆွေတွေ ငယ်သူငယ်ချင်းတွေပေါ့။ သူတို့နဲ့လည်း ကျွန်တော်ပြောပြတယ် ။ အဲ့ဒီနေ ့ပွဲ တီးဖို ့ရှိတယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ သူတို ့ပြောတာ သွားတဲ့လူလဲသွားပြီပေါ့။ ရှင်တဲ့သူကတော့ လုပ်စရာရှိတာဆက်လုပ်နေရမှာပဲပေါ့။ သူ ့ကိစ္စအကုန်ပြီးမှ အကုန်သဘောတူပါတယ် ။ အကုန် အသုဘ သွားမယ် ။ နောက်ပြီးတော့ ဂစ်တာတွေလည်း ယူသွားမယ် ။ အဲဒီကနေမှ ပွဲတီးဖို ့သွားမယ်ပေါ ့။ သဘောတူထားပါတယ် ။ ကိုခိုင်ထူးသီချင်းတွေလည်း ဆိုဖြစ်မှာပါ အဲဒီနေ ့မှာ"လို့ တေးဆို ကိုမွန်းအောင်က ဆိုပါတယ်။

အဲဒီပွဲမှာ အဆိုတော်ခိုင်ထူးရဲ့ သီချင်းတွေကို အမှတ်တရသီဆိုသွားမှာဖြစ်ပြီး ခိုင်ထူးရဲ့ပရိသတ်တွေ ရောက်လာမယ်လို့ မျှော်လင့်တယ်လို့ သူကပြောပါတယ်။

အဆိုတော်ခိုင်ထူး ဆေးရုံတက်နေစဉ် အစောပိုင်းမှာ အဆိုတော်မွန်းအောင်က သတင်းသွားမေးတုန်းက ဆေးရုံကဆင်းရင် မွန်းအောင်နဲ့အတူ သီချင်းဆိုချင်သေးတယ်လို့ ခိုင်ထူးက ပြောသွားခဲ့ပါသေးတယ်။

ခိုင်ထူကို လာမယ့် မနက်ဖြန် သြဂုတ်လ ၁၀ ရက်၊ ညနေ ၄ နာရီမှာ ရေဝေးသုသာန်မှာ မီးသဂြိုလ်ပြီး ကြွင်းကျန်တဲ့အရိုးပြာကို တေးမြံုငှက် ခိုင်ထူးနာမည်နဲ့ ဂူသွင်းမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly