ရေဘေးသင့်ဒေသများအတွက် ဆမ်ဆောင်း ကထောက်ပံ့မှုများ ပြုလုပ်

ရေဘေးသင့်ဒေသများအတွက် ဆမ်ဆောင်း ကထောက်ပံ့မှုများ ပြုလုပ်

ရန်ကုန်၊ သြဂုတ် ၁၀ ။           ။ မြန်မာနိုင်ငံရှိရေဘေးဒဏ်ခံခဲ့ရသောဒေသအချို့သို့   အီလက်ထရောနစ် ကုမ္မဏီ Samsung က အကူအညီ အထောက်အပံ့များပေးအပ်လှူဒါန်းခဲ့သည်ဟု သြဂုတ် ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

Samsung က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကိုလည်း ရန်ပုံငွေတချို့လှူဒါန်းခဲ့ပြီး  သြဂုတ် ၇ ရက်ကလည်း  ရေဘေးသင့် ဒေသအချို့သို့  သွားရောက် အကူအညီပေးခဲ့ကာ ကယ်ဆယ်ရေးပစ္စည်းများ ဆန်အိတ်များ ၊ သောက်ရေသန့်ဘူးများကို  ပဲခူးတိုင်းဒေသကြီး လက်ပံတန်း၊ သုံးဆယ် နှင့် သာယာဝတီမြို့အနီးတဝိုက် ရေဘေးသင့်ဒေသ ရှစ်ခုသို့ သွားရောက်လှူဒါန်းခဲ့သည်။

Samsung Myanmar ၏ အုပ်ချုပ်မှု ဒါရိုက်တာ  Mr. Nam Sik Ahn က “ မြန်မာနိုင်ငံက ကျွန်တော်တို့ရဲ့ အဓိကဈေးကွက်တွေထဲက တစ်ခုဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့ လည်းမြန်မာနိုင်ငံ နဲ့မြန်မာနိုင်ငံ သားတွေ အခုလက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေ အတွက် အလွန်ဝမ်းနည်းပါတယ်။ ကျွန်တော်တို့ တတ်နိုင်သမျှ ထောက်ပံ့ကူညီဆောင်ရွက်ပေးဖို့ ကြိုးစားနေပါတယ် ” ဟု ဆိုသည်။

ယင်းအပြင် Samsung အနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက်လည်း အကူအညီများ ပံ့ပိုးပေးနိုင်ရန်ဆောင်ရွက်နေပြီးရေပြန်ကျ သွားပါကလည်းရေဘေးသင့်ပြည် သူများပြန်လည် ထူထောင် ရေး အတွက် ကြူညီထောက်ပံ့မှုများ ဆောင်ရွက်သွားနိုင်ရန် လေ့လာနေသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့် အပြင် မုန်တိုင်းအရှိန်ကြောင့်လည်း မြန်မာနိုင်ငံ ဒေသတော်တော်များများတွင် ရေဘေးဒုက္ခများကို ခံစားခဲ့ရပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသများကို သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများ အဖြစ် အစိုးရက ဇူလိုင် ၃၁ ရက်တွင် ကြေညာခဲ့သည်။

သြဂုတ် ၈ ရက် အထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ စာရင်းအရ ရေဘေးကြောင့် သေဆုံးသူ ၁၀၀ နီးပါးဖြစ်လာပြီဖြစ်ပြီး ရေဘေးသင့်သူ အရေအတွက် တစ်သန်းခန့်ရှိပြီဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly