ဝါခေါင်မိုးနဲ့ ထွက်ခွာသွားတဲ့ အဆိုတော် ခိုင်ထူး

ဝါခေါင်မိုးနဲ့ ထွက်ခွာသွားတဲ့ အဆိုတော် ခိုင်ထူး
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
 

ရန်ကုန်၊ သြဂုတ်လ ၁၀ ။          ။ အဆိုတော် ခိုင်ထူးကို ၂၈၊ ဇန်နဝါရီလ ၁၉၅၆ မှာ မွေးဖွားခဲ့ပြီး ၁၉၈၀ နောက်ပိုင်းမှာ “တေးမြံုငှက်” တေးစီးရီးဖြင့် နာမည်ကျော်ကြားခဲ့ပါတယ်။ ထိုခေတ်အခါက ကိုယ်ပိုင်သံစဉ် တေးသီချင်းတွေကို အသံပါ၀ါ အားကောင်းကောင်းနဲ ့ သီဆိုလေ့ရှိတဲ ့ရင်းနှီးသူတွေရဲ ့ အခေါ် ဖိုးလေး ဟာ မြန်မာနိုင်ငံ ဂီတသမိုင်းမှာ ထိုအချိန်မှစလို ့ ဘုရင်တစ်ဆူဖြစ်ခဲ့တာပါ။

ထို့နောက်မှာတော့ သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်၊ အဥ္ဖလီ၊ မိုးရဲရင် ဆောင်းရဲရမယ်၊ ဆို ၊မကျေနပ်ဘူး သိလား ၊အပါအဝင် တေးစီးရီးပေါင်းများစွာ ထွက်ရှိခဲ့ပြီး ပရိသတ် အခိုင်အမာနဲ ့ယခုကွယ်လွန်ချိန်ထိ အောင်မြင်ဆဲ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

မြန်မာပြည်သိန်းတန်ရဲ့ နှုတ်ဆက်ဂီတညချမ်း Live Show မှာလည်း ခိုင်ထူးက အဝေးဆုံး ဆိုတဲ့ သီချင်း သီဆိုခဲ့ပြီး “ကိုသိန်းတန်ကို ဂုဏ်ပြုတဲ့သီချင်းလေး ဖြစ်ပါတယ်။ ကျွန်တော် LPJ နဲ့ စတိတ်ရှိုး စဆိုတဲ့အချိန်မှာ ဆိုချင်လို့ ကျွန်တော့်ရဲ့ အစ်ကိုကြီးကိုသိန်းတန်က နုတ်စ်ထုတ်ပေးခဲ့တာပါ။ ဒီသီချင်းလေး အောင်မြင်သလို ကျွန်တော်က အောင်မြင်တဲ့တေးသံရှင်တစ်ယောက် ဖြစ်ခဲ့တယ်။ ကိုသိန်းတန်ကို ဒီသီချင်းလေးနဲ့ ကျွန်တော် ဦးညွှတ်ခဲ့ပါတယ်” လို့ သူ့ စကားသံတွေက အမှတ်ရစရာပါပဲ။ ခုတော့ အားလုံးနဲ့ အဝေးဆုံးကို သူ ထွက်သွားခဲ့ပါပြီ။

သူ့ရဲ့ ဂီတသက်တမ်းမှာ ထူးခြားတာတစ်ခုကတော့ “စစ်နဲ ့ငြိမ်းချမ်းရေး”အမည်ရတဲ့ သီချင်းတစ်ပုဒ်ကို သီဆိုခဲ့လို ့ ပိတ်ပင်တားမြစ်ခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ တိုက်ဆိုင်မှုတစ်ခုကတော့ သူ ကွယ်လွန်သည့် သြဂုတ်လ ၉ရက်မှာပဲ လွန်ခဲ့တဲ့ ၃နှစ်က  ၂၀၁၄ခုနှစ် သြဂုတ်လ ၉ ရက်မှာပဲ  တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ခဲ့တာပါ ၊၊

အခု ၂၀၁၇ သြဂုတ်လ ၉ရက်မှာတော့ ပန်ကရိယကင်ဆာနဲ ့ အသက် ၆၁ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူနဲ ့ခေတ်ပြိုင်အဆိုတော်တွေကတော့ ခင်မောင်တိုး၊ ကိုင်ဇာ ၊မွန်းအောင်တို ့ ဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါက ကိုယ်ပိုင်ဟန်တွေနဲ့  နာမည်ကျော်ခဲ့တဲ့ အဆိုတော်တွေပါပဲ။

အဆိုတော်မွန်းအောင်ကတော သူနဲ့ ပတ်သက်လို ့ “ကိုခိုင်ထူး ဆုံးပါးသွားတာဟာ နိုင်ငံရဲ့ ရတနာ တစ်ပါး ဆုံးရှုံးသွားရသလိုပါပဲ။ သူဟာ ရတနာ တစ်ပါးပါ  ။ ကျွန်တော်တို ့ ကျောင်းသားဘဝက သူ့ သီချင်းတွေကို ဆိုခဲ့ရတာပါ ” လို ့ ပြောသွားပါတယ် ။

ခိုင်ထူးနဲ ့ အတွဲအများဆုံး ဂီတ ရဲဘော်တွေကတော့ ရာပြည့် ၊ မိုးကျော် ၊ မွန်းအောင် တို့  ဖြစ်ပါတယ်။

အဆိုတော်ခိုင်ထူး မှာဇနီးဖြစ်သူ ဒေါ်စောနွယ်နွယ်ထွန်းနဲ ့အတူ သားသမီး ၃ယောက် ကျန်ရစ်ခဲ ့ပြီး ရန်ကုန်မြို ့၊ ဗဟန်းမြို ့နယ်၊ ကမ္ဘာအေးဘုရားလမ်း နေအိမ်မှာ မသေဆုံးခင်အထိ   နေထိုင်ခဲ့ပါတယ်။ ငွေကြေးအတွက်  သီချင်းဆိုတာမဟုတ်ဘဲ အနုပညာ ချစ်တဲ့စိတ်နဲ့ သက်တမ်းတလျှောက်လုံး နေထိုင်ခဲ့သူလည်း ဖြစ်ပါတယ်။  

အခုတော့ သူဆိုခဲ့တဲ့ “ခတ္တာ” သီချင်းထဲကလို ၀ါခေါင်မိုးနဲ့ မလှမ်းလာနိုင်တော့ဘဲ ၀ါခေါင်မိုးနဲ့ ထွက်ခွာသွားခဲ့ပြီပေါ့။

လာမယ့် မနက်ဖြန် သြဂုတ်လ ၁၀ ရက်၊ ညနေ ၄ နာရီမှာ ရေဝေးသုသာန်မှာ မီးသဂြိုလ်ပြီး ကြွင်းကျန်တဲ့အရိုးပြာကို တေးမြံုငှက် ခိုင်ထူးနာမည်နဲ့ ဂူသွင်းမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly