သြဂုတ်လအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာအသင်း အဆင့် ၁၅၄ ၌ ဆက်လက်ရပ်တည်

သြဂုတ်လအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာအသင်း အဆင့် ၁၅၄ ၌ ဆက်လက်ရပ်တည်

သြဂုတ် ၁၀၊ ရန်ကုန်။             ။ သြဂုတ်လအတွက် ထုတ်ပြန်ခဲ့သော ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း မှာ အဆင့် ၁၅၄ ၌ ဆက်လက် ရပ်တည်ခဲ့သည်။

မြန်မာအသင်းမှာ ဇူလိုင်လအတွက် ထုတ်ပြန်ခဲ့သော ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင်လည်း အဆင့် ၁၅၄ ၌ သာ ရပ်တည်ခဲ့သဖြင့် အဆင့်အပြောင်းအလဲမရှိခဲ့ပေ။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ဇူလိုင်လအတွင်း နိုင်ငံတကာခြေစမ်းပွဲနှင့် နိုင်ငံတကာအဆင့် ပြိုင်ပွဲများယှဉ်ပြိုင်ကစားခဲ့ခြင်းမရှိပဲ သြဂုတ်လ၂၉ရက်တွင် မလေးရှားလက်ရွေးစင်အသင်းနှင့် ကစားရန်ရှိနေသည်။

အာဆီယံအသင်းများတွင် ဖိလစ်ပိုင်အသင်းက ကမ္ဘာ့အဆင့် တစ်ဆင့် လျော့ကျခဲ့သော်လည်း အာဆီယံအဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်နေပြီး ထိုင်းက အဆင့်၂၊ ဗီယက်နမ်က အဆင့် ၃၊ မြန်မာက အဆင့် ၄၊ မလေးရှားက အဆင့် ၅၊ လာအိုက အဆင့် ၆၊ စင်ကာပူက အဆင့် ရ၊ အင်ဒိုနီးရှားက အဆင့် ၈၊ ကမ္ဘောဒီးယားက အဆင့် ၉၊ ဘရူနိုင်းက အဆင့် ၁၀၊ တီမောက အဆင့် ၁၁ နေရာများတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly