အတုအယောင် ရဟန်းတွေ ဘာ့ကြောင့်ပိုများလာရသလဲ

အတုအယောင် ရဟန်းတွေ ဘာ့ကြောင့်ပိုများလာရသလဲ

သာသနာ အရေခြံုပြီး ဘာသာရေးကို အကြောင်းပြကာ စီးပွားဖြစ် လိုက်လံတောင်းရမ်း စားသောက်နေတဲ့ အတုအယောင် ရဟန်းတွေက တစ်နေ့ထက် တစ်နေ့ ပိုပြီးတော့ များပြားလာပါတယ်။ သူငယ်ချင်းတွေကရော ဒီလို အတုအယောင်် ရဟန်းတွေ ရှိနေတယ်ဆိုတာကို သိကြရဲ့လား။ သူတို့ ဘာကြောင့် ပေါများလာသလဲ။

သံဃာတော်ဆိုတာနဲ့ သူတို့က ယုံကြည်ကြတယ်။ ကိုးကွယ်ကြတယ်။ အဲတော့ သူတို့က သင်္ကန်းခြံုထားတဲ့ သံဃာတွေ တွေ့ရင် လှူချင်ကြတယ်။ အဲဒါကို သူတို့က အခွင့်ကောင်းယူပြီးတော့ လုပ်စားတာလို့ပဲ ထင်ပါတယ်။

 

 

 

ယုံလွယ်တဲ့ဟာကြောင့်ပါ။ ရှိတယ်။ အဲဒါကို အားနည်းချက်ကို အသုံးချပြီးတော့ ဘုန်းကြီးအတုယောင်တွေက အခုနောက်ပိုင်း ပိုပေါလာတာပေါ့။

 

 

 

 

ပိုက်ဆံကို လွယ်လွယ်လေးရတဲ့အတွက် လွယ်လွယ်လေး လိုချင်တဲ့အတွက် ငရဲကို မကြောက်ဘဲနဲ့ အဲလိုမျိုး လိုက်လံပြီးတော့ အလှုခံနေတာ ဖြစ်ပါတယ်။

 

 

 

အခုခေတ်က ဘယ်လို ပြောမလဲ။ သင်္ကန်းတစ်စုံဝယ်လိုက်တယ်။ ကတုံး တုံးပြီးတော့ အတုလုပ်လိုက်တယ်။ အဲတော့ ဘုန်းကြီး အလွယ်တကူ ဖြစ်လာတယ်ပေါ့နော်။ အဲဒါကို စည်းစနစ်နဲ့ သေသေချာချာ သံဃာအစစ် အတု ဘယ်လိုခွဲခြားမယ်ဆိုတာ စည်းစနစ်နဲ့ လုပ်မယ်ဆိုရင် အဆင်ပြေမယ် ထင်တာပဲ။

 

 

ကိုယ့်အားကိုယ် ကိုးချင်တဲ့ စိတ်မရှိကြဘူးလေ။ သူများကိုပဲ မှီခိုစားသောက်ချင်တဲ့ စိတ်ပဲရှိတယ်။ ကိုယ်ကိုယ်တိုင်က ခြေနှစ်ချောင်း လက်နှစ်ချောင်း ရှိတယ်။ လုပ်ကိုင်စားချင်စိတ်မရှိဘဲ သူများကို မှီခိုပြီးတော့ လုယက်မယ်၊ ခယတောင်းစားမယ်။ အဲလိုစိတ်ပဲ ရှိလို့ပေါ့။ အဲလိုစိတ်တွေပဲ များနေကြတယ် လူတွေကလေ။

 

 

ကောင်းရောင်းကောင်းဝယ် မလုပ်စားချင်တဲ့ အတွက်ကြောင့်မို့ ရှေ့ကနေ ဘုန်းကြီး အတုအယောင်တွေက လုပ်ပြသွားတယ်။ နောက်က ထပ်ပြီးတော့ အဲဘုန်းကြီးတွေက ပိုပိုများလာတယ်။ အခုဆိုရင် နိုင်ငံမှာ အဲဒီဟာတွေက တော်တော်ကြီးကို များပြားနေတယ်။

 

 

 

ကဲ... ကျွန်မသူငယ်ချင်းတွေကတော့ ဘုန်းကြီး အတုအယောင်တွေ ဘာလို့ ဒီလို များပြားလာတယ်ဆိုတာကို အခုလို ပြောပြခဲ့ကြပါတယ်။ Yope သူငယ်ချင်းတွေမှာလည်း မျှဝေချင်တာလေးတွေ ရှိတယ်ဆိုရင် ကျွန်မတို့ရဲ့ Yope Facebook နှင့် Yope Website တွေမှာ ကော်မန့်လေးတွေ ပေးခဲ့ကြပါအုံးနော်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly