၂၉ စက္ကန့်သာ ကြာလိုက်တဲ့ ၀ီရက်ချိုင်းရဲ့ အောင်ပွဲ

၂၉ စက္ကန့်သာ ကြာလိုက်တဲ့ ၀ီရက်ချိုင်းရဲ့ အောင်ပွဲ

မကာအိုပွဲစဉ်မှာ ထိုင်းဖိုက်တာ ရှန်နွန်ဝီရက်ချိုင်းရဲ့ပွဲက ၂၉ စက္ကန့်သာ ကြာမြင့်လိုက်ပါတယ်။ “OneShin” လို့ နာမည်ပြောင် ရထားတဲ့ ၀ီရက်ချိုင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ One Championship ပွဲစဉ်ငါးပွဲစလုံးကို အနိုင်ရထားသူဖြစ်ပါတယ်။

ချိုင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ အိန္ဒိယဖိုက်တာ ရာဂျင်ဒါဆင်းမီနာကတော့ နောက်ဆုံး ၆ ပွဲဆက်တိုက်ရှုံးထားသူ ဖြစ်ပါတယ်။

ပထမအချီစလွှတ်လိုက်တဲ့ ခေါင်းလောင်းသံကြားချိန်မှာ မီနာဟာ ၀ီရက်ချိုင်းကို လက်သီးချင်းရင်ဆိုင်ပြီး စထိုးခဲ့ပါတယ်။ အဲ့ဒီလို ထိုးနေရင်း လူချင်းပူးသွားချိန်မှာ ၀ီရက်ချိုင်းက ခေါင်းငုံနေတဲ့ မီနာကို ဒူးနဲ့ဖျက်တိုက်လိုက်ပါတယ်။

အဲ့ဒီဒူးတိုက်ချက်နဲ့ပဲ မီနာကြမ်းပြင်ပေါ်ကို ဒူးထောက်ကျသွားပါတယ်။ အဲ့နောက် ခေါင်းကို တစ်ချက်ထပ်ထိုးလိုက်ချိန်မှာ ကြိုးဝိုင်းဒိုင်က ပွဲကို အဆုံးသတ်လိုက်ပါတော့တယ်။

မီနာရဲ့ပုံစံက One Championship နဲ့သိပ်ပြီး မလိုက်ဖက်လှပါဘူး။ လေးလံနေတဲ့ သူ့ပုံနဲ့ ၀ီရက်ချိုင်းကို ပွဲတည်ပေးလိုက်တာကိုက အနည်းငယ်မမျှတဘူးလို့ ထင်မိပါတယ်။

ချိုင်းကတော့ ကိုးပွဲကစားရာမှာ ၈ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ကို ရရှိသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required