ကော်တင်ဟိုအတွက် ဘာစီလိုနာ၏ ဒုတိယအကြိမ်ကမ်းလှမ်းမှုကို လီဗာပူးလ် ငြင်းပယ်

ကော်တင်ဟိုအတွက် ဘာစီလိုနာ၏ ဒုတိယအကြိမ်ကမ်းလှမ်းမှုကို လီဗာပူးလ် ငြင်းပယ်

သြဂုတ် ၁၀၊ အင်္ဂလန် ။              ။ စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းက ကော်တင်ဟိုအတွက် မြင့်မားသည့်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သော ပေါင် ၉၀.၄ သန်းဖြင့် ဒုတိယအကြိမ် ကမ်းလှမ်းခဲ့မှုအား လီဗာပူးလ်အသင်းက ထပ်မံ ပယ်ချလိုက်သည်။

ဘာစီလိုနာအသင်းက နေမာကို ပီအက်စ်ဂျီအသင်းထံ ရောင်းချခဲ့ပြီးနောက် ၎င်း၏နေရာတွင် အစားထိုးရန် ကော်တင်ဟိုကို နံပါတ်တစ်ပစ်မှတ်အဖြစ် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းက ပေါင် ရ၂ သန်းဖြင့် ပထမတစ်ကြိမ်ကမ်းလှမ်းခဲ့ဖူးပြီး လီဗာပူးလ်အသင်းက ပယ်ချခဲ့သည်။ လီဗာပူးလ်နည်းပြဂျာဂင်ကလော့ပ်ကလည်း ကော်တင်ဟိုကို ဆက်လက်ထိန်းသိမ်းနိုင်ရန် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားသွားမည်ဟု ဆိုသည်။

ကော်တင်ဟိုသည် လီဗာပူးလ်အသင်းကို ရောက်ရှိခဲ့သည့် ၂၀၁၃ ခုနှစ်က စတင်ပြီး အသင်း၏အဓိက ကစားသမားအဖြစ် ခြေစွမ်းပြကစားနေသူ ဖြစ်သည်။ ပြီးခဲ့သည့်ရာသီကလည်း ၁၃ ဂိုးသွင်းယူပေးခဲ့ပြီး ရ ဂိုးဖန်တီးပေးနိုင်ခဲ့သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဘရာဇီးတို်က်စစ်မှူးကော်တင်ဟိုမှာ ၎င်း၏ဘဝတက်လမ်းအတွက် ဘာစီလိုနာသို့ ပြောင်းရွှေ့လိုနေသည်ဟု သတင်းများက ဖော်ပြနေကြသည်။

ရည်ညွှန်း The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required