နိုက်စ်အသင်းမှ ဒါဘတ် ဟင်နရစ်ကို အင်တာမီလန်အသင်း ခေါ်ယူ

နိုက်စ်အသင်းမှ ဒါဘတ် ဟင်နရစ်ကို အင်တာမီလန်အသင်း ခေါ်ယူ
(ဓာတ်ပုံ - အင်တာမီလန်)

အီတလီကလပ် အင်တာမီလန်အသင်းဟာ နိုက်စ်အသင်းမှ ဘရာဇီးကစားသမား ဒါဘတ် ဟင်နရစ်ကို (၅)နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သြဂုတ်လ ၉ ရက်က ကြေညာခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဗဟိုနောက်ခံလူဟာ လီဂူ-၁ မှ နိုက်အသင်းနဲ့ တစ်ရာသီကြာ ကစားခဲ့ပြီးနောက် အင်္ဂါနေ့က မီလန်မြို့ဆီ ဆေးစစ်ခံယူဖို့ ရရှိခဲ့ပါတယ်။

ဒါဘတ်ဟာ Vitoria de Guimaraes မပြောင်းရွှေ့ခင် ကစားသမားဘဝ ပွဲဦးထွက်ကို ပေါ်တူဂီကလပ် Academico de Viseu နဲ့ ၂၀၁၃ မှာ ကစားခဲ့ပြီး အဲဒီမှာ တစ်ရာသီကစားခဲ့ပါတယ်။

၂၀၁၆ နွေရာသီမှာတော့ သူဟာ နိုက်စ်အသင်းဆီ ပြောင်းရွှေ့ကစားခဲ့ကာ ၃၃ ပွဲကစားပြီး မိုနာကိုနှင့် ပီအက်စ်ဂျီအသင်းတို့ရဲ့ နောက် ကလပ်အသင်းကို အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

ဒါဘတ်ဟာ အင်တာမီလန်က ဒီနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ ရဦးမြောက်ကစားသမားဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required